သရုပ်ဆောင်လင်းမောင်အား ၄င်း၏ကားပေါ်တွင် အကြည်ညိုပျက်စွာ ရေးသားမှုနဲ့ ကမာရွတ်စခန်းမှ ဖမ်းဆီးထား



သရုပ်ဆောင် လင်းမောင်အား ၄င်းပိုင်ဆိုင်သော ကားပေါ်တွင် သရုပ်ပျက် အကြည်ညိုပျက်စွာ ရေးသားထားမှု အပါအ၀င် ယာဉ်စည်းကမ်းအမှုများဖြင့် ကမာရွတ်ရဲစခန်းမှ ဖမ်းဆီးထားကြောင်း ရဲအရာရှိတဦးက The Ladies News သို့ ပြောသည်။

မတ်လ ၁ ရက်နေ့ မနက်ပိုင်းက သရုပ်ဆောင်လင်းမောင် စီးနှင်းလာသော ကားမှာ လှည်းတန်းခုံးကျော် တံတားပေါ်တွင် လောင်စာဆီ ပြတ်တောက်မှုကြောင့် ယာဉ်ထိန်းမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အလံပါ ကားတွင် ချိတ်ဆွဲထားကာ ဗိုလ်ချုပ်များကိုပါ ညစ်ညမ်းသည့် အသုံးနှုန်းများဖြင့် ဆဲဆိုထားသည့် စာသားအား ရေးသားထားသည်ကိုပါ တွေ့ရပြီး ယင်းအမှုများဖြင့်လည်း တရားစွဲဆိုနိုင်ရန် ဆက်လက် ပြင်ဆင်လျက်ရှိနေကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

Photo - htet aung khant
The Ladies News
https://www.facebook.com/News.TheLadies
သရုပ်ဆောင်လင်းမောင်အား ၄င်း၏ကားပေါ်တွင် အကြည်ညိုပျက်စွာ ရေးသားမှုနဲ့ ကမာရွတ်စခန်းမှ ဖမ်းဆီးထား  သရုပ်ဆောင်လင်းမောင်အား ၄င်း၏ကားပေါ်တွင် အကြည်ညိုပျက်စွာ ရေးသားမှုနဲ့ ကမာရွတ်စခန်းမှ ဖမ်းဆီးထား Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.