သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးမှု ဘားအံမြို့နယ်တွင်ဖြစ်ပွား


ဘားအံ မတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်အမှတ်(၉)ရပ်ကွက်ရှိ ကွင်းကျောင်း ဘုန်းတော်ကြီးကျောင်းတိုက်တွင် ၁၁-၃-၂၀၁၆ရက်နေ့ က ဦးဇင်းတစ် ပါး မိမိကိုယ်ကိုယ်ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ မတ်လ ၁၁ရက်နေ့ က စခန်းမှူးရဲအုပ်မြ၀င်းသည် ထုံးအိုင်နယ်မြေ ရဲစခန်းတွင် စခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် နံနက်(၇)နာရီ(၁၅)မိနစ်အချိန် ခန့် တွင် အမှတ်(၆)ရပ်ကွက်၊ ထုံးအိုင်ကျေးရွာ၊ ဘားအံမြို့နယ်နေထိုင်သူ ဦးဝင်းနိုင်မှ ရဲစခန်းသို့ လာရောက်ကာ အမှတ်(၉)ရပ်ကွက်ကွင်းကျောင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဥပုပ်သည်များ နားနေဆောင်အနီး အသုံးမပြုသည့် ရေတွင်းထဲသို့ ကွင်းကျောင်းမှဦးဇင်းတစ်ပါးမှာဆွဲကြိုးချ သေဆုံးနေကြောင်း လာရောက် သတင်းပို့ အကြောင်းကြားခဲ့ရာ စခန်းမှူးရဲအုပ်မြ၀င်းနှင့်အဖွဲ့မှ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရှိရသည်။


အခင်းဖြစ်နေရာ အရောက်တွင် ဆရာတော်၏ ရုပ်ကလပ်အား ရေတွင်းအတွင်းမှ ကျေးရွာသားများ၏အကူအညီဖြင့် ဆယ်ယူခဲ့ကြောင်းသိရသည်။

 စစ်ဆေးတွေ့ရှိချက်များအရ ဆွဲကြိုးချသေဆုံးသည့် ဆရာတော်မှာ သက်တော်(၅၆)နှစ်၊ ၀ါတော်(၁)၀ါခန့်ရှိပြီးဘွဲတော်မှာ ဦးအိနြ္ဒိယ ဖြစ်ကြောင်း၊ ဆရာတော်မှာ စိတ်ရောဂါရှိသူဖြစ်ပြီး လည်ပင်းတွင် အရှည်(၁၅)
ပေခန့် ရှိ အဖြူရောင်နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေခြင်း ဖြစ်ကာ လည်းပင်းတွင်(၅စင်တီမီတာခန့် )အနက်ကြိုးဝင်ဒဏ်ရာမှအပ ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာမတွေ့ ရှိရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဆရာတော်၏ ရုပ်ကလပ်အား ရဲဆေးစာဖြင့် ထုံးအိုင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီးစစ်ဆေးခဲ့ရာ နံနက်(၆)နာရီ(၃၀)မိနစ်အချိန်ခန့်တွင် ကွင်းကျောင်းတိုက်မှသံဃာတော်များ အာရုံဆွမ်းခံကြွပြန်လာသည့်အချိန် သေဆုံးသည့် ဆရာတော်မှာ ပါလာခြင်း မရှိသဖြင့်အဆိုပါကျောင်းတိုက် သီတင်သုံးနေသည့် ဆရာတော်ဦးအိန္ဒ၊ သက်တော်(၅၇)နှစ်၊ ၀ါတော်(၇)၀ါနှင့် သံဃာတော်များမှ ကျောင်းဝင်းအတွင်း လိုက်လံရှာဖွေရာမှ ရေတွင်းအတွင်း ကြိုးဆွဲချပျံလွန်တော်မူနေသည်ကိုတွေ့ရှိရကြောင်း စစ်ဆေးသိရှိရသည်။

ထုံးအိုင်နယ်မြေရဲစခန်းမှူးး ရဲအုပ်မြ၀င်းမှ ဆရာတော်ကြိုးဆွဲချသေဆုံးမှု အပေါ် ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ထုံးအိုင်နယ်မြေ ရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၆)ဖြင့် ရေးဖွင့်ကာ ဆက်လက်
စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်။

ဘားအံသတင်း (fb)

သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးမှု ဘားအံမြို့နယ်တွင်ဖြစ်ပွား  သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးမှု ဘားအံမြို့နယ်တွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.