ဒေါ်အောင်ဆန်း စုကြည် အစိုးရထဲ ပါလာဖို့ ရှိသလား

 ဒေါ်အောင်ဆန်း စုကြည် နဲ့ သမ္မတ ဦးထင်ကျော်
ဒေါ်အောင်ဆန်း စုကြည် ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို ဆက်လက် ဦးဆောင် မှာ ဖြစ်ပြီး ဘယ်အပိုင်း ကနေပဲ တာဝန် ယူယူ အစိုးရ အပေါ်မှာ ဩဇာ ရှိနေမှာ ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ ဇော်မြင့်မောင် က ဘီဘီစီ ကို ပြောပါတယ်။

တနင်္ဂနွေနေ့ နေပြည်တော် က ဒေါ်အောင်ဆန်း စုကြည် အိမ်မှာ ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မတီ အစည်းအဝေး အပြီးမှာ ဒေါက်တာ ဇော်မြင့်မောင် က ပြောကြား ခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ ဒီလကုန်မှာ လက်ရှိ အစိုးရ ဆီကနေ အာဏာ လွှဲပြောင်းယူဖို့ ရှိပါတယ်။

မကြာခင် ရက်ပိုင်း မှာ လွှတ်တော် ကို တင်သွင်းမယ် အစိုးရ ဝန်ကြီး တွေရဲ့ အမည်စာရင်း ကိုလဲ အတည်ပြု ထားပြီး ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင် က ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒေါ်အောင်ဆန်း စုကြည် အစိုးရထဲ ပါလာဖို့ ရှိသလား  ဒေါ်အောင်ဆန်း စုကြည် အစိုးရထဲ ပါလာဖို့ ရှိသလား Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.