ကဗျာဝကျေးရွာတွင် အသက်(၄)နှစ်အရွယ် ကလေးငယ်အား မုဒိမ်းပြုကျင့်မှုဖြစ်ပွား


ရေး ၊ မတ် ၂၃

ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာတွင် အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ဦးက အသက်(၄)နှစ် အရွယ် မိန်းကလေးတစ်ဦးကို သားမယားအဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

မတ်လ ၂၂ ရက်နေ့၊ ည ၇ နာရီခန့်အချိန် ကဗျာဝကျေးရွာ၊ ပင်လယ်ကမ်းစပ်နေရာအနီး မ ---- အသက်(၄)နှစ်ဆိုသူသည် နေအိမ်ရှေ့ ကစားနေစဉ် အိမ်နီးချင်းဖြစ်သူ မောင်ဖိုးဆေး(၁၅)နှစ်ဆိုသူက
ပင်လယ်ကမ်းစပ်သို့ ကစားရန်ခေါ်ဆောင်သွားပြီး မ ---- အသက်(၄)နှစ် ဆိုသူအား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး ထိုသို့ပြုကျင့်မှုကြောင့် မိန်းမအင်္ဂါကွဲ၊ သွေးထွက်ဒဏ်ရာရရှိပြီး ငို၍အိမ်ပြန်လာရာ ၄င်း၏ မိခင်ဖြစ်သူမှာ နှလုံးမကောင်းပဲ မေ့သွားခဲ့ပြီး အဖွားဖြစ်သူက ကဗျာဝကျေးရာမှ ခေါဇာမြို့ရဲစခန်းသို့ လာရောက်တိုင်တန်း ခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခေါ်ဇာရဲစခန်းက (ပ)၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားပြီး တရားခံဖြစ်သူအား ရေးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိသည်ဟု သိရသည်။

ခေါဇာရဲစခန်းတာဝန်ရှိသူများက တရားလိုအား စစ်ဆေးခြင်း၊ သက်သေခံပစ္စည်းများအားသိမ်းဆည်းခြင်း၊
သက်သေများနှင့် အခင်းဖြစ်ရပ်များ စစ်ဆေးခြင်း၊ ဆေးစာပေးပို့ခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်းတို့ပြုလုပ်ပြီး
ဆေးစာရရှိပါက အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေသည်ဟု သိရသည်။

သတင်း - ရဲနိုင်ဦး
Than Lwin Times
https://www.facebook.com/thanlwintimes9
ကဗျာဝကျေးရွာတွင် အသက်(၄)နှစ်အရွယ် ကလေးငယ်အား မုဒိမ်းပြုကျင့်မှုဖြစ်ပွား  ကဗျာဝကျေးရွာတွင် အသက်(၄)နှစ်အရွယ် ကလေးငယ်အား မုဒိမ်းပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 05:30 Rating: 5
Powered by Blogger.