ကျေးရွာလူကြီးများ ညှိုနှိုင်းဖြေရှင်းသော်လည်း မပြေလည်၍ သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် အမှုဖွင့်လှစ်


ဝေါ မတ်(၁၃)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အင်းတိုင်စုကျေးရွာတွင် အသက်(၁၂)နှစ်အရွယ်ရှိ မိန်းခလေးငယ်တစ်ဦး သောက်သုံးရေ သွားခပ်စဉ် အဓ္ဓမပြုကျင့်ရန် ကြံစည်ခံရကြောင်း ယင်းကျေးရွာသားတစ်ဦးထံက သတင်းရ ရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၂)ရက်နေ့ ညဦးပိုင်း (၆)နာရီခွဲ အချိန်ခန့် က အင်းတိုင်စုကျေးရွာနေ မ့ မှာ နေအိမ်မှ အများသုံးသောက်ရေကန်သို ဓါတ်မီးနှင့် ရေခပ်သွားစဉ် တရွာတည်းနေ ကို့ဆိုသူရောက်ရှိလာပြီး မ့၏ လက်ထဲမှ ဓါတ်မီးကို မှိတ်ခိုင်းကာ ကျေးရွာ(အ- လ -က) စာသင်ကျောင်း နောက်ဘက်သို့ ပါးစပ်ပိတ်ကာ ခေါ်ဆောင်သွားပြီး အဓ္ဓမပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း မ့၏ ဆံပင်ကို ဆောင့်ဆွဲစဉ် အော်ဟစ်ငိုယိုသဖြင့် အနီးအနားပတ်ဝန်းကျင်မှ လူများကြားသိသွား၍ ကို့မှာ ထွက်ပြေးသွားကြောင်း မြို့မရဲစခန်း၏ မှတ်တမ်းများအရသိရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ မ့၏ မိခင်ဖြစ်သူဒေါ်သင်းသင်းခိုင်မှ ဝေါမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် အင်းတိုင်းစုကျေးရွာနေ မ့အား အဓ္ဓမပြုကျင့်ရန်ကြံစည် ကြိုးစားအားထုတ်သည်ဟု ယူဆရသူ ကို့အား ဝေါမြို့မရဲစခန်းမှ (ပ)၉၄/၂၀၁၆ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ တို့ ဖြင့် အမှုဖွင့်လှစ်၍ ရဲလုပ်ငန်းနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါအမှုနှင့် ပက်သက်၍ ဝေါမြို့မရဲစခန်းသို့ လာရောက် တိုင်တန်းရန် နောက်ကြရခြင်းမှာ တစ်ရွာတည်းနေသူများဖြစ်၍ ကျေးရွာလူကြီးများက ကနဦး ညှိုနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေခြင်းကြောင့် ဖြစ်ကြောင်း ဆက်လက်သိရှိရသည်။

Admin-Nyo Gyi (waw media )
Waw Media Page
https://www.facebook.com/Waw-Media-Page

ကျေးရွာလူကြီးများ ညှိုနှိုင်းဖြေရှင်းသော်လည်း မပြေလည်၍ သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် အမှုဖွင့်လှစ်  ကျေးရွာလူကြီးများ ညှိုနှိုင်းဖြေရှင်းသော်လည်း မပြေလည်၍ သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် အမှုဖွင့်လှစ် Reviewed by THITHTOOLWIN on 04:23 Rating: 5
Powered by Blogger.