အီရန်နိုင်ငံ မှ ထိန်းသိမ်းထားသည့် အိန္ဒိယလူမျိုးငါးဖမ်းသမား ၄၉ဦးအား ပြန်လွှတ်ပေး

အီရန်နိုင်ငံ မှ ပြန်လည်လွတ်မြောက်လာသည့် ငါးဖမ်းသမားများအားတွေ့ရစဉ် (Internet)
    နယူးဒေလီ၊ မတ် ၃ (ဆင်ဟွာ)

    အီရန်နိုင်ငံ က ထိန်းသိမ်းထားရာမှ လွှတ်ပေးခဲ့သည့် အိန္ဒိယလူမျိုး ငါးဖမ်းသမား ၄၉ဦး သည် မတ်လ ၃ရက်နေ့က အိန္ဒိယနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ အရာရှိတစ်ဦးက အိန္ဒိယလူမျိုးငါးဖမ်းသမားများသည် ၂၀၁၅ခုနှစ်က အီရန်နိုင်ငံ၏ ပိုင်နက် ရေပြင် အတွင်းသို့ ဝင်ရောက်လာသောကြောင့် အီရန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ အစိုးရ၏ ညှိနှိုင်းပေးမှုကြောင့် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ငါးဖမ်းသမား ၄၄ယောက်သည် အိန္ဒိယနိုင်ငံ မြောက်ပိုင်း Tamil Nadu ပြည်နယ် မြို့တော် Chennai သို့ မတ်လ ၃ရက်နေ့ နံနက်ကပြန်လည်ရောက်ရှိခဲ့ပြီး ၄င်းတို့၏ မိသားစု ဝင်များက ကြိုဆိုခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ပြန်လည်လွတ်မြောက်လာသည့် ငါးဖမ်းသမား တစ်ဦးဖြစ်သူ Jegan Joseph က ၄င်းတို့သည် ထောင်ထဲ၌ လပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ယခုလို ပြန်လည်လွတ်မြောက်လာသည့်အတွက် အလွန်မှ ပျော်ရွှင် ရပါကြောင်း နှင့် ၄င်းတို့လွတ်မြောက်လာစေရန် ကြိုးပမ်းအားထုတ်ပေးခဲ့သည့် အိန္ဒိယ အစိုးရကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အီရန်နိုင်ငံ မှ ထိန်းသိမ်းထားသည့် အိန္ဒိယလူမျိုးငါးဖမ်းသမား ၄၉ဦးအား ပြန်လွှတ်ပေး အီရန်နိုင်ငံ မှ ထိန်းသိမ်းထားသည့် အိန္ဒိယလူမျိုးငါးဖမ်းသမား ၄၉ဦးအား ပြန်လွှတ်ပေး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.