စက်ဘီးစီးလာသည့် ၄ နှစ်အရွယ်မိန်းခလေးငယ်အား အလုပ်လက်မဲ့ယောကျာ်းတစ်ဦးက ခေါင်းဖြတ်သတ် မှု ထိုင်ဝမ်တွင်ဖြစ်ပွား


တိုင်ပေ၊ မတ်-၂၉

တနင်္လာနေ့ နံနက်ပိုင်းကတိုင်ပေ၏ နယ်ဟူရပ်ကွက်တွင် ၄နှစ်အရွယ် ထိုင်ဝမ်မိန်းခလေးငယ်တစ်ဦးအား အမျိုးသားတစ်ဦးကခေါင်းဖြတ်သတ်ခဲ့သည်။

ဗဟိုသတင်းအေဂျင်စီ၏ ပြောကြားချက်အရ မူးယစ်ဆေးနှင့် ဆက်နွယ်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် မှတ်တမ်းရှိခဲ့ဖူးသောအဆိုပါ အလုပ်လက်မဲ့အမျိုးသားကို ရဲကစုံစမ်းစစ်ဆေးနေသည်ဟုဆိုသည်။ ဒေသတွင်းမီဒီယာ၏ ပြောကြားချက်အရသံသယရှိသူအဆိုပါအမျိုးသားက မိန်းခလေးငယ်၏ ဦးခေါင်းကို မီးဖိုချောင်သုံးဓားဖြင့် ဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


ရုပ်သံဗွီဒီယိုထဲတွင်မူ ဒေါသထွက်နေသည့် လူအုပ်ကြီးကဒေသရဲစခန်းအပြင်ဘက်တွင် စုဝေးလာကြပြီး သံသယရှိသူအဆိုပါအမျိုးသားကို ထိုးနှက်ရန် ရုန်းရင်းဆန်ခတ် ကြိုးစားနေကြသည်ကိုတွေ့မြင်ကြရသည်။ သံသယရှိသူတရားခံက ကလေးကိုတမင်ရည်ရွယ်ပစ်မှတ်ထားခဲ့သလား၊ ဘာ့ကြောင့် ပစ်မှတ်ထားသည်ကိုဖော်ထုတ်ရန် ရဲတပ်ဖွဲ့က ကြိုးစားနေကြောင်းစုံစမ်းစစ်ဆေးရေးမှူးချုပ်ကပြောကြားခဲ့သည်။

မိန်းခလေးငယ်၏ မိခင်ကဒေသတွင်းမီဒီယာသို့ ပြောကြားရာတွင်မူ သူမမှာစက်ဘီးစီးနေသည့် သမီးဖြစ်သူ၏ နောက် ၁ မီတာအကွာမှ လမ်းလျှောက်လိုက်ပါနေခဲ့သည်ဟုဆိုသည်။

ထိုအချိန်တွင် တရားခံက သမီးဖြစ်သူအနားသို့ တိုးကပ်လာရာ ကုန်းပေါ်သို့ နင်းတက်သွားနိုင်ရန် ကူညီမည်ဟုထင်မှတ်ခဲ့သော်လည်းတရားခံ၏ လုပ်ရပ်ကြောင်းတုန်လှုပ်မင်သက်သွားခဲ့ရသည်ဟု ဆိုသည်။ ရဲများရောက်မလာမီတွင် လမ်းသွားလမ်းလာများက တရားခံကိုဖမ်းဆီးနိုင်ခဲ့ကြသည်ဟုဆိုသည်။

AM
china.com Myanmar
Source:http://myanmar.china.com

စက်ဘီးစီးလာသည့် ၄ နှစ်အရွယ်မိန်းခလေးငယ်အား အလုပ်လက်မဲ့ယောကျာ်းတစ်ဦးက ခေါင်းဖြတ်သတ် မှု ထိုင်ဝမ်တွင်ဖြစ်ပွား  စက်ဘီးစီးလာသည့် ၄ နှစ်အရွယ်မိန်းခလေးငယ်အား အလုပ်လက်မဲ့ယောကျာ်းတစ်ဦးက ခေါင်းဖြတ်သတ် မှု ထိုင်ဝမ်တွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 13:15 Rating: 5
Powered by Blogger.