ပြည်ကြီးတံခွန်မြို့နယ် ယာတော်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား


မန္တလေး၊ မတ် ၁၁

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ယာတော်ရပ်ကွက် အကွက် အမှတ်(၂)၊ ပန်းခြံလမ်းနှင့် ရန်ကုန်-မန္တလေးကားလမ်းကြား ရှိ ကောင်း ဟိန်းစံ ဖော့ဘူးစက်ရုံ တွင် မတ်လ ၁၁ ရက် နံနက် ၁၀ နာရီ ခွဲ ခန့် က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၁၁ နာရီ ခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


အဆိုပါ မီးလောင်သော စက်ရုံ အတွင်းမှ ဂတ်စ်အိုး(၇) လုံး အား မီးသတ် တပ်ဖွဲ့ဝင်များ အပြင်ထုတ်နိုင်ပြီး အပြင်အရောက်တွင် ဂက်စ်အိုးတစ်လုံး ပွင့်ထွက်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် (၂) ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရှိ ခဲ့သည်။

အဆိုပါမီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ခရိုင်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး တို့ လာရောက်ကြီးကြပ်ပြီး သန္ဓေမီးသတ် ၅၀ ဦး အရန်မီးသတ် (၁၅၀) ဦး၊ မီးငြိမ်းသတ်ယာဉ် ၅၀ စီးခန့် ဖြင့်ဝိုင်းဝန်း ငြိမ်းသတ်နိုင်ခဲ့ပြီး မီးစတင်လောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်းဆဲ ဖြစ်ကြောင်းသတင်းရရှိသည်။

ဦးသန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်ကြီးတံခွန်မြို့နယ် ယာတော်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား  ပြည်ကြီးတံခွန်မြို့နယ် ယာတော်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 13:43 Rating: 5
Powered by Blogger.