ရန်ကုန်တိုင်း ဌာနဆိုင်ရာတွေက ရုံးသုံးကား ၀ယ်ဖို့ တောင်းခံထားတဲ့ ငွေပမာဏမှာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးကားများထက် တန်းဖိုး မြင့်မားနေ


၂၂.၃.၂၀၁၆ ရန်ကုန်တိုင်းသေကြီး လွှတ်တော်

ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သဘောထားမှတ်ချက်

ပထမအချက်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် စာရင်းစစ်ချုပ်ရုံး၌ ရုံးသုံးယာဉ်ဖြင့် အသုံးပြုရန် Salon တစ်စီး၊ High Ace တစ်စီး ၀ယ်ယူရန် ကျပ် ၄၁သန်း တောင်းခံထားခြင်း၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၏ ရုံးများ၌ အသုံးပြုရန်အတွက် ရုံးသုံးယာဉ် Salon ကား ၄စီး၊ Mini Bus ၁စီး ၀ယ်ယူရန် ကျပ်သန်းပေါင်း ၁၅၀ တောင်းခံထားခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအတွက် ရုံးသုံးယာဉ် Salon ကား ၂စီး ၀ယ်ယူရန် ကျပ်သန်းပေါင်း ၃၀ တောင်းခံထားခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် လုပ်ငန်းသုံးယာဉ် Roller တစ်တန် တစ်စီးဝယ်ယူရန် ကျပ်သန်းပေါင်း ၂၆ သန်းတောင်းခံထားခြင်း၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနအတွက် ရုံးသုံးယာဉ် High Ace တစ်စီးဝယ်ယူရန် ကျပ်သန်းပေါင်း ၂၄ သန်းတောင်းခံထားခြင်း၊ မြို့ပြနှင့် အိမ်ယာဦးစီးဌာနအတွက် ရုံးသုံးယာဉ်များဖြစ်သော Salon တစ်စီး၊ Toyota Van တစ်စီး၊ Mini Bus တစ်စီး၊ Light Truck တစ်စီး ၀ယ်ယူရန် အတွက် ကျပ်သန်းပေါင်း ၆၄ တောင်းခံထားခြင်း၊ ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီအတွက် ရုံးသုံးယာဉ်များဖြစ်သော Suzaki တစ်စီး၊ High Jet ၂စီး၊ Station Wagon ၂စီး အတွက် တောင်းခံထားသော ကျပ်သန်းပေါင်း ၈၉.၅၀၁ သန်း တောင်းခံထားသူများကို ၀ယ်ယူရန်ကိစ္စရပ်များအတွက် အထူးပြန်လည်စစ်ဆေးသင့်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံ ဂုန်းကျော်တံတားတည်ဆောက်ရန်နှင့် မြောက်ဥက္ကလာပ လမ်းဆုံတွင် ဂုန်းကျော်တံတားတစ်ဆင်း ဆောက်လုပ်ရန်အတွက် Budget ရထားငွေကို ဂုန်းကျော်တံတားများဆောက်လုပ်ရေးထက် ရန်ကုန်မြို့တော်စီပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ ကျေးလက်နှင့် မြို့နယ်ဆက်သွယ်ရေးလမ်းများတည်ဆောက်ရေးအတွက် ခွဲဝေချထားသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

တတိယအချက်အနေနဲ့ကတော့ ရန်ကုန်မြို့တော်အတွင်း နိုင်ငံတော်ပိုင်မြေကို ငှားရမ်းကာ ပုဂ္ဂလိကပိုင် အဆောက်အဦးများ စီးပွားရေးလုပ်ငန်းများ မြောက်များစွာ ပြုလုပ်ထားကြောင်း တွေ့ရှိရသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကောက်ခံရရှိခဲ့သော မြေနှင့် ဆောက်အဦးငှားရမ်းခမှာ ရသင့်သည်ထက် များစွာနည်းနေသောကြောင့် လာမည့် ဘဏ္ဍာရေးနှစ်တွင် တိုးမြင့်ကောက်ခံသင့်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

စတုတ္ထအချက်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အသုံးစရိတ် သာမာန်နှင့် ငွေလုံးငွေရင်းတွင် မြို့တော်စည်ပင်သာယာရေးအဖွဲ့များ၏ အသုံးစရိတ်မှာ အများဆုံးဖြစ်ကြောင်းတွေ့ရှိရပါတယ်။ စည်ပင်သာယာရေးအဖွဲ့၏ ကုန်ကျငွေများမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည့်အလျှောက် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိသော ခံစားခွင့်များဖြစ်ရန်လိုအပ်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

ပဉ္စမအချက်အနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ငွေလုံးငွေရင်းရငွေများမှ နိုင်ငံပိုင်မြေကွက်များကို ရောင်းချရငွေမှာ ကျပ်သန်း ၁၃၈၁၄ နှင့်တိုက်ခန်းရောင်းရငွေ ကျပ်သန်းပေါင်း ၅၆၆၁၇ သာ ရှိသဖြင့် အလွန်နည်းပါးလျှက်ရှိကြောင်းတွေ့ရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေနေရာတန်ဖိုးများမှာ တစ်နှစ်ထက်တစ်နှစ်မြင့်မားနေသည်ကို လေ့လာတွေ့ရှိရသောကြောင့် နိုင်ငံတော်ပိုင်မြေများအား မည်သည့်ဈေးနှုန်းများဖြင့် အခြေခံတွက်ချက်ပြီး ရောင်းချနေသည်ကို ပြန်လည်စိစစ်သင့်ကြောင်း အကြံပြုအပ်ပါတယ်။

ဆဋ္ဌမ အချက်အနေနဲ့ စည်ပင်သာယာ၏ ငွေလုံးငွေရင်ထက်ဝက်ကျော်မှာ ရေပေးဝေရေးလုပ်ငန်းမျာတွင် တောင်းခံထားခြင်းဖြစ်သောကြောင့် လာမည့်နှစ်များအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သောက်သုံးရေးပျက်လက်မှု မရှိစေရန်နှင့် စနစ်တကျရေပေးဝေရေးလုပ်ငန်းများ လုပ်ဆောင်နှိုင်ရန် အတွက် ရေပိုက်များ အသစ်လဲလှည်တိုးချဲ့ပြင်ဆင်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

သတ္တမ အချက်အနေနဲ့တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်များကို ကြည့်လျှင် ပြည်သူလူထုအတွက် အရေးကြီးသော လုပ်ငန်းများတွင် အများဆုံးအသုံးပြုရမည့်အစား ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်သော ဂုန်းကျော်တံတားဆောက်လုပ်ခြင်းလုပ်ငန်းများတွင်သာ အများဆုံးအသုံးပြုထားခြင်းကို ပြန်လည်စဉ်းစားသုံးသပ်သင့်ပါကြောင်း လွှတ်တော်သို့တင်ပြအပ်ပါတယ်။

နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူများ ပွင့်လင်းမြင်သာစွာသိရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများတွင် အရအသုံးစာရင်းများသာမက ဘဏ္ဍာရေးဆိုင်ရာဖြစ်ပေါ်ခဲ့သော အခြေအနေများ အရေးယူ ဆောင်ရွက်ချက်များ သုံးသပ်ချက်များကိုလည်း ထည့်သွင်းဖော်ပြပေးသင့်ပါကြောင်း လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါတယ်။

ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ ဒုတိယအကြိမ်မြောက် တိုင်းဒေသကြီးလွှတ်တော် ၂၂.၃.၂၀၁၆
သတင်း - ရုပ်/သံ U Kyaw Zay Ya (facebook)

ရန်ကုန်တိုင်း ဌာနဆိုင်ရာတွေက ရုံးသုံးကား ၀ယ်ဖို့ တောင်းခံထားတဲ့ ငွေပမာဏမှာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးကားများထက် တန်းဖိုး မြင့်မားနေ   ရန်ကုန်တိုင်း ဌာနဆိုင်ရာတွေက ရုံးသုံးကား ၀ယ်ဖို့ တောင်းခံထားတဲ့ ငွေပမာဏမှာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးကားများထက် တန်းဖိုး မြင့်မားနေ Reviewed by THITHTOOLWIN on 06:55 Rating: 5
Powered by Blogger.