ချင်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဖလမ်းမြို့နယ်မှ ပြည်နယ်အမတ် ဦးဆလိုင်းလျန်လွယ်ရွေးချယ်ခံရ

ပုံ- ဆလိုင်းလျန်လွယ်
မတ်လ (၂၈) ရက်နေ့တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ၌ တင်သွင်းမည့် ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်းများတွင် ချင်းပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဆလိုင်းလျန်လွယ်ရွေးချယ်ခံရကြောင်း
BBCသတင်းဌာနဖော်ပြချက်အရသိရသည်။

Pu Salai Lian Luai (ဦးဆလိုင်းလျန်လွယ်) သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Airibual (အိုင်ရီဘွယ်ရွာ) ဇာတိဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာနှင့် ဘာသာရေးဘွဲ့ BRE တို့အား ရရှိနိုင်ခဲ့သူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀တွင် ဆလိုင်း-မိုင် လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသားလှုပ်ရှားမှုများတွင် ဆလိုင်းရမ်လိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ ဥပဒေပိုင်းဆိုင်ရာ အစိုးရအမှုထမ်းအဖြစ် ဗဟိုဥပဒေရုံး (ရန်ကုန်)၊ ကလေးမြို့၊ ဖလမ်းမြို့၊ မင်းတပ်မြို့၊ မတူပီမြို့၊ မန္တလေး၊ အမရပူရနှင့် စဥ့်ကိုင် တို့တွင် ထမ်းဆောင်ခဲူ့းပြီး နောက်ဆုံးတွင် တမူးခရိုင်ဥပဒေအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယင်းနောက် ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် ၀င်ရောက်အရွေးချယ်ခံပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။ ၂၀၁၆-၂၀၂၁ ချင်းပြည်နယ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌများ ဖြစ်ကြသော ဦးဇိုဘွဲနှင့် ဦးအောင်တမ်တို့အား ကျမ်းသစ္စာပြုလုပ်ရာတွင်လည်း လွှတ်တော်သဘာပတိအဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

သမ္မတအဖြစ်ရွေးချယ်တင်မြှော်က်ခြင်းခံထားရသော ဦးထင်ကျော် ခန့် အပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ။

ကချင်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာခက်အောင်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ( ဖလမ်းမြို့ နယ် ပြည်နယ် အမတ် ( ၂ ) )
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲလဲ့မော်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း
ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ။

Ref: BBC

Chin World
https://www.facebook.com/Chin-World
ချင်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဖလမ်းမြို့နယ်မှ ပြည်နယ်အမတ် ဦးဆလိုင်းလျန်လွယ်ရွေးချယ်ခံရ   ချင်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဖလမ်းမြို့နယ်မှ ပြည်နယ်အမတ် ဦးဆလိုင်းလျန်လွယ်ရွေးချယ်ခံရ Reviewed by THITHTOOLWIN on 04:54 Rating: 5
Powered by Blogger.