မီးလောင်မှုဖြစ်ပွားရာမှ လေဖြတ်နေသည့်အိမ်ရှင် မီးလောင်သေဆုံး


ဘားအံ မတ် ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ဓမ္မပါလရပ်ကွက်တွင် ရွာစပ်ချောင်းဘေး နေထိုင်သည့် တဲအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ပြီး နေအိမ်တွင် ရှိနေသော အမျိုးသားတစ်ဦး မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ၁၁-၃-၂၀၁၆ရက်နေ့  နံနက်(၇)နာရီ အချိန်ခန့်တွင် ဓမ္မပါလရပ်ကွက်၊ ဂဏန်းစမ်းချောင်းဘေးတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်တွင်ရှိနေသည့်  ဦးဝင်းမြင့်(၃၇)နှစ် (ဘ)ဦးငြိမ်းမှာ အောက်ပိုင်လေဖြတ်ထားသဖြင့် မီးလောင်သေဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် သေဆုံးသူ ဦးဝင်းမြင့် အပါအ၀င် ၄င်း၏အစ်မဖြစ်သူဒေါ်မြင့်ဌေး၊ တူမဖြစ်သူ မဂျူးဂျူး (၁)နှစ်အရွယ်တို့ အတူနေထိုင်ကြပြီး အစ်မဖြစ်သူမှ ကလေးနှင့် ရွာဘက်သွားစဉ် ဦးဝင်းမြင့်မှာ နေအိမ်တွင် (၁)ဦးထဲကျန်ခဲ့ကြောင်း သိရှိရသည်။

ရပ်ကွက်နေထိုင်သူများ ပြောပြချက်အရ မီးလောင်သေဆုံးသူ ဦးဝင်းမြင့် မှာ အောက်ပိုင်း လေဖြတ်ထားသဖြင့် ချိနဲ့နေသူဖြစ်ပြီး အရက်လည်း အလွန်အကျွံ သောက်သူဖြစ်သည့်အပြင် အရက်သောက်ရာတွင် အရက်အဆီကိုသာ သောက်သူဖြစ်ကြောင်း၊ ဆေးလိပ်လဲသောက်သူဖြစ်ကြောင်း အရက်သောက်စဉ်ဆေးလိပ်သောက်ရာမှ အရက်ဆီးပုလင်းမှ တစ်ဆင့် မီးကူးစပ်လောင်ကာ သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ပတ်ဝန်ကျင်နေထိုင်သူများ ပြောပြချက်အရသိရသည်။


သေဆုံးသူ၏ အစ်မဖြစ်သူပြောပြချက်အရ အခင်းဖြစ်နေ့ က မောင်ဖြစ်သူအား အရက်အဆီ (၁)လုံးဝယ်ပေးထားခဲ့ ပြီး၎င်းမှာ တူမဖြစ်သူနှင့် လှာကာကျေးရွာအုပ်စု၊ ရန်အောင်မြေရပ်ကွက်သို့ သွားနေရာ နံနက်(၈)နာရီအချိန်ခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် နေအိမ်မှာ မီးလောင်ကျွမ်းထားသည်ကို
တွေ့ရှိရသဖြင့် ရန်အောင်မြေရပ်ကွက်သို့ ပြန်လာပြီး အသိဖြစ်သူ ဖိုးခွားအား အကူအညီ တောင်းကာ မောင်ဖြစ်သူအား လိုက်လံရှာဖွေခဲ့ရာမှ မီးလောင်ထားသည့် ဦးဝင်းမြင့်  အလောင်းအားတွေ့ရှိရခြင်း ဖြစ်သည်ဆို၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြိုင်ကလေး ရဲကင်းစခန်းမှူးမှ ဦးဝင်းမြင့်သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း
သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ဘားအံမြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ပေးရန် တိုင်တန်းခဲ့ရာ ဘားအံမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၆)ဖြင့် ရေးဖွင့်ဆောင်ရွက်ထားပြီး မြို့မ စခန်းမှူးဒုတိယရဲမှူးသက်စိုးမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ဘားအံသတင်း (fb)

မီးလောင်မှုဖြစ်ပွားရာမှ လေဖြတ်နေသည့်အိမ်ရှင် မီးလောင်သေဆုံး  မီးလောင်မှုဖြစ်ပွားရာမှ လေဖြတ်နေသည့်အိမ်ရှင် မီးလောင်သေဆုံး Reviewed by THITHTOOLWIN on 04:34 Rating: 5
Powered by Blogger.