ပါမိုင်ရာမြို့အနီး လေကြောင်း တိုက်ခိုက်မှုများအတွင်း စစ်သွေးကြွများ၏ ဌာနချုပ်များကို ဖျက်ဆီးနိုင်ခဲ့


ဒမတ်စကပ် ၊ ၂၁-၃-၂၀၁၆

ဆီးရီးယားနိုင်ငံရှိ ရှေးဟောင်းမြို့ ဖြစ်သည့် ပါမိုင်ရာမြို့ အနီး ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုများ အတွင်း စစ်သွေးကြွ အဖွဲ့နှစ်ဖွဲ့ ဖြစ်သည့် ISIS နှင့် အယ်လ်နျူဆရာ တပ်ဦးတို့၏ ဌာနချုပ်စခန်း များကို ဖျက်ဆီး နိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန က မတ် ၂ဝ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှု အတွင်း စစ်သွေးကြွ အများအပြား သေဆုံးခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင် Sanaa သတင်းဌာနက ဖော်ပြထား သော်လည်း ယင်း တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင် ခဲ့သည်ကို သတင်းဌာနက ပြောကြားထားခြင်း မရှိကြောင်း သိရသည်။

သို့သော် ဆီးရီးယား အစိုးရ တပ်ဖွဲ့များနှင့် ပြည်သူ့စစ် များက စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ပါမိုင်ရာမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် စစ်ဆင်ရေး ပထမအဆင့်ကို မတ် ၁၉ ရက်၌ အောင်မြင်စွာ အဆုံးသတ်  နိုင်ခဲ့ကြောင်း အဆိုပါ သတင်းဌာန က အစောပိုင်းတွင် ဖော်ပြ ထားသည်။

ISIS စစ်သွေးကြွ အကြမ်းဖက် အဖွဲ့သည် ပါမိုင်ရာမြို့ ကို ၂ဝ၁၅ ခုနှစ် မေလတွင် သိမ်းပိုက်ခဲ့ပြီး ယင်းမြို့ရှိ Bel နှင့် Baalshamin ဘုရားကျောင်းများ အပါအဝင် ရှေးဟောင်း အမွေအနှစ် များကို ဖျက်ဆီးမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် ဆီးရီးယား တပ်ဖွဲ့များနှင့် ပြည်သူ့စစ် များသည် ယခုရက် သတ္တပတ် အစောပိုင်းမှ စ၍ ထိုးစစ်ဆင် တိုက်ခိုက်မှုများ စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့ကို ဆီးရီးယား ပြည်သူများက မကြာမီ ပြန်လည် သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
ပါမိုင်ရာမြို့အနီး လေကြောင်း တိုက်ခိုက်မှုများအတွင်း စစ်သွေးကြွများ၏ ဌာနချုပ်များကို ဖျက်ဆီးနိုင်ခဲ့  ပါမိုင်ရာမြို့အနီး လေကြောင်း တိုက်ခိုက်မှုများအတွင်း စစ်သွေးကြွများ၏ ဌာနချုပ်များကို ဖျက်ဆီးနိုင်ခဲ့ Reviewed by THITHTOOLWIN on 12:21 Rating: 5
Powered by Blogger.