မကွေးမြို့ ၌ အိမ်ခြေ ၂၀၀ ခန့် ရှိသည့် ရွာတွင် အိမ်ခြေ ၁၈၂ လုံး မီးလောင်ဆုံးရှုံး
 |
မကွေးမြို့ ညောင်ပင်သာ ကျေးရွာ မီးလောင်မှုအား မီးသတ်သမားများမှ မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-MOI) |
ရန်ကုန် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)
မကွေးမြို့ ကံသာကြီး အုပ်စုရှိ အိမ်ခြေ ၂၀၀ ခန့် ရှိ ညောင်ပင်သာ ကျေးရွာ၌ ယနေ့  မတ်လ ၁၆ ရက် ၊ မွန်းလွဲ ပိုင်းအချိန်တွင် ၁ နာရီခန့် လောင်ကျွမ်းခဲ့သည့် မီးကြောင့် အိမ်ခြေ ၁၈၂ လုံးခန့်  မီးလောင်ဆုံးရှုံး ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။
 |
မကွေးမြို့ ညောင်ပင်သာ ကျေးရွာ မီးလောင်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-MOI) |
 |
မကွေးမြို့ ညောင်ပင်သာ ကျေးရွာ မီးလောင်မှုအား မီးသတ်သမားများနှင့် ရွာသူရွာသားများမှ မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-MOI) |
 |
မကွေးမြို့ ညောင်ပင်သာ ကျေးရွာ မီးငြိမ်းသတ်ပြီး အခြေအနေကိုတွေ့ရစဉ် (ဓာတ်ပုံ-MOI) |
ယနေ့နေ့လည် ၁ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် ရွာမြောက်ဘက် အစွန်ပိုင်းမှ စတင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေ့လည် ၂ နာရီ အချိန်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး အိမ်ခြေ ၁၈၂ အိမ် မီးလောင် ကျွမ်းကြောင်း သွားခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။