ဒေါ်နယ်ထရမ့် နိုင်ငံခြားရေး မူဝါဒတွေပြော

ဝါရှင်တန်က အစ္စရေးလိုလားတဲ့ ဟောပြောပွဲက ဒေါ်နယ် ထရမ့်
အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးပွဲမှာ ရှေ့က ပြေးနေတဲ့ ဒေါ်နယ် ထရမ့်က နေတိုးတပ်ဖွဲ့ ဆက်ထားရှိဖို့ ကိစ္စ မေးခွန်းထုတ်စရာ ရှိတယ်လို့ ပြောကြား လိုက်ပါတယ်။

ဒီလို လုံခြုံရေး အဖွဲ့အစည်း တွေအတွက် အမေရိကန်ရဲ့ ကုန်ကျ စရိတ် ကြီးလေးမှု ကြောင့် နိုင်ငံ အနေနဲ့ ပြည်တွင်း တည်ဆောက်မှု ကိုပဲ အာရုံ စိုက် သင့်တယ်လို့ ဝါရှင်တန် ပို့စ် သတင်းစာ နဲ့ တွေ့ဆုံရာမှာ မစ္စတာ ထရမ့်က ပြောကြား ခဲ့ပါတယ်။

နေတိုးက ဥရောပ အဖွဲ့ဝင် နိုင်ငံ တွေဟာ ယူကရိန်းကို ရုရှ ကျူးကျော် နိုင်တာကို ဘာမှ မလုပ်ဘဲ နေနေကြတယ်လို့လည်း သူက စွပ်စွဲ ပြောဆိုပါတယ်။

ဗြိတိန် ဥရောပ သမဂ္ဂ ထဲက ထွက်နိုင်တယ် လို့လည်း သူက ဆိုပါတယ်။

ဒေါ်နယ် ထရမ့်က သူတက်လာရင် ပထမ ဦးစားပေးအနေနဲ့ အီရန်နဲ့ အဏုမြူရေး သဘောတူညီမှုတွေကို ပယ်ဖျက် ပစ်မယ်လို့ ဆိုပါတယ်။

ကုလ သမဂ္ဂမှာ အစ္စရေး ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေးတွေ ရှိနေတယ်လို့လည်း သူက စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese/
ဒေါ်နယ်ထရမ့် နိုင်ငံခြားရေး မူဝါဒတွေပြော  ဒေါ်နယ်ထရမ့် နိုင်ငံခြားရေး မူဝါဒတွေပြော Reviewed by THITHTOOLWIN on 11:42 Rating: 5
Powered by Blogger.