ဇနီးကပုဆိန်ဖြင့် ခုတ်၍ ခင်ပွန်းသေဆုံး


မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် သစ်လှကျင်းကျေး ရွာနေဦးအောင်ဆန်း (အသက်၆ဝ) နှင့် ဇနီးဒေါ်ညို (၄၇နှစ်)တို့ ယခုလ ၁၃ ရက် နံနက် ၉နာရီခွဲက နေအိမ်တွင်ရှိနေစဉ် ဒေါ်ညိုက ဦးအောင်ဆန်းအား တောထဲရှိ သရက်ပင်များသွားစောင့်ရန် ပြော ဆိုမှုအပေါ် ဦးအောင်ဆန်းက မသွားဘဲဆဲဆိုနေသဖြင့် ဒေါ်ညိုက နှစ်ပေခန့်ရှိ ဝါးရိုးတပ် အလျား၆ လက်မ၊ ဗျက်နှစ်လက်မ၊ အနှောင့် တစ်လက်မခွဲခန့်ရှိ ပုဆိန်ဖြင့် ခုတ်ရာ ဦးအောင်ဆန်း၏ဝဲယာ ချိုစောင်း ကြေမွဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့သဖြင့် ဒေါ်ညိုအား ညောင်ကုန်း ရဲကင်း စခန်းက(ပ)၆/၂ဝ၁၆ပြစ်မှု ပုဒ်မ ၃ဝ၂ အရ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ