ဇနီးကပုဆိန်ဖြင့် ခုတ်၍ ခင်ပွန်းသေဆုံး


မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် သစ်လှကျင်းကျေး ရွာနေဦးအောင်ဆန်း (အသက်၆ဝ) နှင့် ဇနီးဒေါ်ညို (၄၇နှစ်)တို့ ယခုလ ၁၃ ရက် နံနက် ၉နာရီခွဲက နေအိမ်တွင်ရှိနေစဉ် ဒေါ်ညိုက ဦးအောင်ဆန်းအား တောထဲရှိ သရက်ပင်များသွားစောင့်ရန် ပြော ဆိုမှုအပေါ် ဦးအောင်ဆန်းက မသွားဘဲဆဲဆိုနေသဖြင့် ဒေါ်ညိုက နှစ်ပေခန့်ရှိ ဝါးရိုးတပ် အလျား၆ လက်မ၊ ဗျက်နှစ်လက်မ၊ အနှောင့် တစ်လက်မခွဲခန့်ရှိ ပုဆိန်ဖြင့် ခုတ်ရာ ဦးအောင်ဆန်း၏ဝဲယာ ချိုစောင်း ကြေမွဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့သဖြင့် ဒေါ်ညိုအား ညောင်ကုန်း ရဲကင်း စခန်းက(ပ)၆/၂ဝ၁၆ပြစ်မှု ပုဒ်မ ၃ဝ၂ အရ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net/
ဇနီးကပုဆိန်ဖြင့် ခုတ်၍ ခင်ပွန်းသေဆုံး  ဇနီးကပုဆိန်ဖြင့် ခုတ်၍ ခင်ပွန်းသေဆုံး Reviewed by THITHTOOLWIN on 12:12 Rating: 5
Powered by Blogger.