နေပြည်တော် လူသတ်မှုနှင့် မုဒိမ်းမှုတွင် ပါဝင်သည့် ကလေးသူငယ် တရားခံအား အမြင့်ဆုံးပြစ်ဒဏ်ချမှတ်


နေပြည်တော် Junction Centerအနီး လူသတ်မှုနှင့် မုဒိမ်းမှု ကျူးလွန်ခဲ့ကြသူများတွင် ပါဝင်သည့် ကလေးသူငယ် တရားခံအား ကလေးသူငယ် ဥပဒေပုဒ်မ ၄၆ နှင့်အညီ အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်

နေပြည်တော် မတ် ၁၇

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်Junction Center နောက်ကျောဘက် တွင် ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညက မိန်းကလေးတစ်ဦးနှင့် ၄င်း၏ ခင်ပွန်းတို့ကို အဓမ္မ ခေါ်ဆောင်သွားပြီး မိန်းကလေးအား မုဒိမ်းပြုကျင့်ခြင်း၊ ခင်ပွန်းဖြစ်သူအား ရက်စက်စွာ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသူ လေးဦးအနက် အခင်းဖြစ်ပွားစဉ်က အသက် ၁၅ နှစ် မပြည့်သေးသည့် ကလေးသူငယ် တရားခံ မောင်မျိုး(ခ) မျိုးဇော်ဝင်း အား ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ (၁) (ဂ)အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ် နှစ် ကျခံရန် ဇမ္ဗူသီရိမြို့နယ် ကလေး သူငယ်တရားရုံးက (ယနေ့) မတ် ၁၇ ရက်တွင် စီရင်ချက်ချမှတ်ခဲ့သည်။

ထိုကဲ့သို့ ရာဇဝတ်မှုကျူးလွန် ခဲ့သော ကလေးသူငယ်များအပေါ် သာမန်အားဖြင့် ထောင်ဒဏ်ချမှတ် လေ့မရှိခဲ့သော်လည်း ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့် ကလေးသူငယ် တရားခံကိုမူ ကလေးသူငယ်ဥပဒေ ပုဒ်မ ၄၆ နှင့်အညီ အမြင့်ဆုံးပြစ်ဒဏ် ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းနှင့် အတူ ရာဇဝတ်မှုကျူးလွန်ခဲ့ကြသည့် တရားခံအောင်တင်မျိုး(ခ)အောင်ပိုင်၊ ကျော်မောင်(ခ)ဇော်ဇော်အောင်နှင့်
ဇော်လေး (ခ)ဇော်မျိုးသူတို့ကို ဒက္ခိဏ ခရိုင်တရားရုံးက မတ် ၁၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိ ရသည်။ (သတင်းစဉ်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နေပြည်တော် လူသတ်မှုနှင့် မုဒိမ်းမှုတွင် ပါဝင်သည့် ကလေးသူငယ် တရားခံအား အမြင့်ဆုံးပြစ်ဒဏ်ချမှတ် နေပြည်တော် လူသတ်မှုနှင့် မုဒိမ်းမှုတွင် ပါဝင်သည့် ကလေးသူငယ် တရားခံအား အမြင့်ဆုံးပြစ်ဒဏ်ချမှတ် Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.