ဘန်ကောက် စန်ဆက်ချောင်း ခရီးသည်တင် စက်လှေပေါက်ကွဲ


ဘန်ကောက် စန်ဆက်ချောင်းတွင် ပြေးဆွဲနေသော ခရီးသည်တင် စက်လှေတစ်စင်းသည် ဒီနေ့မတ်လ ၅ရက်နေ့ မနက် ၆နာရီခွဲခန့်တွင် ထေ့လီလာဘုန်းကြီးကျောင်းရှေ့မှာ စက်ခေါင်းပေါက်ကွဲမှုကြောင့် ခရီးသည် ၅၀ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအတိအကျမသိရသေးပါဘူး ရေထဲလိုက်လံရှာဖွေနေတုန်းဖြစ်ပါတယ်။


 ၎င်းစန်ဆက်ချောင်းသည် ဖူခေါင်ထောင်ဆိုတဲ့ ရွှေတောင်ကနေ ဘန်ကပိသို့ နေ့စဉ်ပြေးဆွဲသော လိုင်းစက်လှေဖြစ်ပါတယ် ၎င်းလမ်းကြောင်းမှာ ကောင်းကင်ရထားမရှိ မြေအောက်ရထားမရှိ အမြန်ဘတ်စ်ကား BRT မရှိသည့် လမ်းကြောင်းဖြစ်သည့်အတွက် အလုပ်သမားနှင့် ခရီးသည်များ ယာဉ်ကြောပိတ်ဆို့မှုရှောင်ရန် အသုံးပြုသော ရေလမ်းကြောင်းဖြစ်ပါတယ်။ ရွှေတောင် ပတူနမ်း ခလောင်တန် ဘန်ကပိစသည့်သွားသော လမ်းကြောင်းဖြစ်ပါတယ်။


 မြန်မာပြည်သားတွေလည်း ဤလမ်းကြောင်းကို အသုံးပြုကြတာ များပါတယ်။ ဒဏ်ရာရရှိသူအားလုံး နီးစပ်ရာဆေးရုံအသီးသီးသို့ ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။ မည်သူမည်ဝါ မြန်မာလူမျိုးပါမပါကိုတော့ မသိရသေးပါဘူးခင်ဗျား။

MTF Channel
ဘန်ကောက် စန်ဆက်ချောင်း ခရီးသည်တင် စက်လှေပေါက်ကွဲ  ဘန်ကောက် စန်ဆက်ချောင်း ခရီးသည်တင် စက်လှေပေါက်ကွဲ Reviewed by THITHTOOLWIN on 10:51 Rating: 5
Powered by Blogger.