အာဏာပိုင်များ တားမြစ်ခြင်းခံရသည့် သျှမ်းထိပ်သီးအစည်းအဝေး ဆက်လက်ကျင်းပ


မတ်လ ၄ ရက် ၂၀၁၆

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ ပထမနေ့ အစည်းအဝေးကို ရန်ကုန်မြို့မီကာဆာ ( MICASA HOTEL) ဟိုတယ်တွင် ကျင်းပခဲ့ပြီး (Summit Parkview Hotel) တွင် ဒုတိယနေ့အဖြစ် ကျင်းပမည်ကို ဒေသခံ အာဏပိုင်များ ဆက်လက်ကျင်းပခွင့် တားမြစ်လိုက်သဖြင့် ရန်ကုန်မြို့ရှိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးချုပ်၌အစည်းအဝေး ဆက်လက် ကျင်းပခဲ့သည်။

CSSU သည် သျှမ်းတိုင်းရင်းသားများ အတွက်တင်မက သျှမ်းပြည်တွင်းရှိ တိုင်းရင်းသားများ အား လုံး နှင့် ဗမာလူမျိုးအပါအဝင် ပြည်ထောင်စုသား အားလုံး၏ သွေးစည်းညီညွတ်ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများကို အဓိကထားဆောင်ရွက်သည့် အဖွဲ့ ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ စိုင်လိတ် ကပြောသည်။

“အာဏာပိုင် အဖွဲ့စည်းပြသနာ နားလည်မှု လွဲမှားပြီး ဟန့်တားရုံ အနှောက် အယှက်ပေး ရုံနဲ့ တော့ ကျနော်တို့ရဲ့ လုပ်ငန်းကို အထိခိုက် မခံနိုင်ပါဘူး။ ဒါကြောင့် CSSU အစည်းအဝေးရဲ့ အန္တိမ ရည်ရွယ်ချက်ဖြစ် တဲ့အမျိုးသားေ သွးစည်းညီညွတ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းစရာရှိတာများကို ခေါင်းဆောင်အချင်းချင်းကြား နားလည်မှုရှိရှိ နဲ့ အောင်အောင်မြင်မြင်ေ ဆွးနွေး နိုင်ခဲ့ပါ တယ်” ဟု ပြောသည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်တို့နှင့် ပတ်သက်သည့် ဆွေးနွေးချက်များ အပြင် CSSU ၏ အလုပ် အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေး ချယ်ရန် အစရှိသည်တို့ကို ပါ ဆွေးနွေးသွားခဲ့သည်။

လက်ရှိကျင်းပနေသော CSSU အဖွဲ့ဝင် အဖွဲ့များ၏ ပဥ္ဒမကြိမ်မြောက် အစည်းအဝေး နှင့်ပတ် သက်ပြီး ညနေ ၄ နာရီတွင် သတင်းထောက်များအား သတင်းစာရှင်းလင်း ပွဲပြုလုပ်သွား မည်ဟုသိရသည်။

ဓါတ်ပုံ- ရန်ကုန်မြို့ ပြည်လမ်းရှိ SNLD ရုံးချုပ်တွင်ကျင်းပသော CSSU အစည်းအဝေး

သျှမ်းသံတော်ဆင့်/ ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese
အာဏာပိုင်များ တားမြစ်ခြင်းခံရသည့် သျှမ်းထိပ်သီးအစည်းအဝေး ဆက်လက်ကျင်းပ အာဏာပိုင်များ တားမြစ်ခြင်းခံရသည့် သျှမ်းထိပ်သီးအစည်းအဝေး ဆက်လက်ကျင်းပ Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.