ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် လှည်းကူးမြို့နယ် တိုင်းဒေသကြီးအမှတ် (၂) ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ကန့်ကွက်သူမရှိတဲ့အတွက် ခန့်အပ်လိုက်ပါတယ်။
ရန်ကုန်တိုင်းမှာဒေသကြီးမှာ ယာဉ်ကြောကျပ်တာတွေ၊ ရေကြီးရေလျှံမှုတွေ၊ အလုပ်လက်မဲ့ပြဿနာတွေ၊ အမှိုက်တွေစုပုံနေတဲ့ ပြဿနာတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ကိုဦးစားပေး လုပ်ဆောင်သွားမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒါ့အပြင် အဂတိလိုက်စားမှုကင်းတဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆီးပေးနိုင်တဲ့ အစိုးရဖြစ်အောင် ကြိုးစားသွားမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
Photo : Htet Arkar,Thiha Tun/RFA
RFA Burmese
https://www.facebook.com/RFA-Burmese
ဦးဖြိုးမင်းသိန်း ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ခန့်အပ်
Reviewed by THITHTOOLWIN
on
12:36
Rating: