မြန်မာအမျိုးသမီးအား ထိုင်းလူမျိုးတစ်ဦးမှ အဓမ္မပြုကျင့်


 ထိုင်းနိုင်ငံတောင်ပိုင်းနခွန်စီထမ်မရခရိုင် ကျန်ဒီမြို့နယ်ရှိ NaaParawood အထပ်သားစက်ရုံတွင်အလုပ်လုပ်ကိုင်နေသောအသက်နှစ်ဆယ်ကျော် မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးကို ထိုင်းလူမျိုးတစ်ဦးမှ အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်းထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ(AAC)မဟာမိတ်အဖွဲ့မှ သတင်းရရှိသည်။


AAC အနေဖြင့် အဆိုပါထိုင်းနိုင်ငံသားနှစ်ဦးအားတရားစွဲဆိုနိုင်ရန် ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေငှားရမ်းထားပြီးယခုရက်ပိုင်းအတွင်းတရားစွဲဆိုသွားမည်ဖြစ်ကြောင်း AAC မှ သိရသည်။

"ကျွန်တော်တို့ကထိုင်းနှစ်ယောက်ကိုထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဖမ်းဆီး
ပြီးတော့ အဲ့ဒီဲပြုကျင့်တဲ့သူနှစ်ယောက်ကိုရဲစခန်းမှာထိန်းချုပ်ထားတယ်။ ဥပဒေအရတိတိကျကျအရေးယူလို့ရအောင် ကောင်မလေးရဲ့ စက်ရုံက အလုပ်သမားတွေနဲ့တိုင်ပင်ပြီးတော့ထိုင်းရှေ့နေများကောင်စီကရှေ့နေ ငှားပြီးတော့ အမှုရင်ဆိုင်သွားမယ်" ဟု AAC မှ ဦးရဲမင်းကပြောသည်။


ဖြစ်စဉ်မှာယခုလ(၇)ရက်နေ့တွင် အဆိုပါအမျိုးသမီးမှာနေအိမ်တွင် တစ်ယောက်တည်းကျန်ရှိနေချိန်တွင် ထိုင်းအမျိုးသားနှစ်ဦးယောက်လာ၍ တစ်ဦးကအဓမ္မပြုကျင့်ပြီးနောက်ထိုင်းအမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြံစည်နေစဉ် အမျိုးသမီးမှာပတ်ဝန်းကျင်ကိုအကူအညီတောင်းသဖြင့် ပတ်ဝန်းကျင်မှရောက်လာကြောင်းယင်းနောက်အဆိုပါထိုင်းအမျိုးသားနှစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှသိရသည်။

"သူတို့မှာကသေနတ်ပါတယ်။ ပထမကတော့ ထိုင်းရဲတွေကအဲ့ဒီနှစ်ယောက် ကိုမဖမ်းသေးဘူး။ နောက်သံရုံးကဖွဲ့ထားတဲ့အလုပ်သမားအကူအညီပေးရေးအဖွဲ့တွေလိုက်သွားတော့မှတရားခံတွေကိုထိုင်းရဲတွေဖမ်းတယ်။အခင်းဖြစ်
ပြီး နှစ်ရက်လောက်နေမှ ထိုင်းရဲတွေကဖမ်းတာ" ဟု မြန်မာသံရုံးအထူးအဖွဲ့ မှ ရှေ့နေဦးအောင်မျိုးသန့်ကပြောသည်။

အဓမ္မပြုကျင့်ခံရသည့်အမျိုးသမီးမှာကာမပိုင်ယောက်ျားရှိပြီးကလေးတစ်ဦးရှိ
ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ သိရသည်။

Messenger News Journal
https://www.facebook.com/Messenger-News-Journal
မြန်မာအမျိုးသမီးအား ထိုင်းလူမျိုးတစ်ဦးမှ အဓမ္မပြုကျင့်  မြန်မာအမျိုးသမီးအား ထိုင်းလူမျိုးတစ်ဦးမှ အဓမ္မပြုကျင့် Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.