အိန္ဒိယနိုင်ငံပိုင်နက် အတွင်းသို့ တရုတ်တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်


နယူးဒေလီ ၊ ၁၄-၃-၂၀၁၆

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)မှ တပ်ဖွဲ့ဝင် များသည် ပန်ဂွန်းရေကန် အနီး အိန္ဒိယနိုင်ငံ ပိုင်နက် အတွင်းသို့ ယခု ရက်သတ္တပတ် အတွင်းက အကွာအဝေး ၅ ဒသမ ၅ ကီလိုမီတာ အထိ ကျူးကျော် ဝင်ရောက် ခဲ့ကြောင်း အိန္ဒိယ လုံခြုံရေး သတင်းဌာန များက ထုတ်ပြန် ထားသည်။

တရုတ် ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်သော PLA တပ်ဖွဲ့ဝင် ၁ဝ ဦးသည် ပန်ဂွန်းရေကန် အနီး Finger VIII Sirjap-I ဒေသရှိ (LAC) နယ်စပ် ထိန်းချုပ်ရေးမျဉ်း ကို ကျော်လွန်၍ နိုင်ငံပိုင်နက် အတွင်းသို့ မတ် ၈ ရက် နှောင်းပိုင်း က ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး တရုတ်တပ်ဖွဲ့ ၏ အဆိုပါ လုပ်ဆောင်မှု ကြောင့် နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြား လိပ်ခဲတည်း လည်း အခြေအနေ တစ်ရပ်ကို ဖြစ်ပေါ် စေခဲ့ကြောင်း သတင်းဌာန များက ထုတ်ပြန် ထားသည်။

တရုတ် တပ်ဖွဲ့ဝင် များသည် အိန္ဒိယနိုင်ငံ သာကွန်နယ်စပ် စခန်းကို ကျော်ဖြတ်၍ ယာဉ်လေးစီးဖြင့် ဝင်ရောက်၍ အိန္ဒိယ ပိုင်နက် အတွင်းသို့ အကွာအဝေး ၆ ကီလိုမီတာ နီးပါးထိ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2016/03/blog-post_43.html
အိန္ဒိယနိုင်ငံပိုင်နက် အတွင်းသို့ တရုတ်တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်  အိန္ဒိယနိုင်ငံပိုင်နက် အတွင်းသို့ တရုတ်တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက် Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.