မြန်မာဇနီးမောင်နှံရေနစ် ခင်ပွန်းသေဆုံးပြီး ကိုယ်ဝန်ရှိဇနီးကိုတော့ကယ်နိုင်


မနေ့မတ်လ ၂၀ ရက်နေ့တွင် ကမ်ဖယ်ဖေ့ (กำแพงเพชร ) ခရိုင်၊ ခလောင်ခလွန် (คลองขลุง )မြို့နယ်၊ မယ်လတ်ရပ်ကွက်(ต.แม่ลาด) ရှိ လွန့်ဝန်ယန် (ล้นวังยาง)ရေကာတာတွင် ရေကစားနေသောမြန်မာဇနီးမောင်နှံစုံတွဲ ရေနစ်ရာမှ ကိုယ်ဝန် ၅ လ လွယ်ထားသော ဇနီးဖြစ်သူကို ထိုင်းလူမျိုးတစ်ဦးမှ လှေလှော်၍သွားရောက်ကယ်တင်နိုင်ခဲ့သော်လည်း ခင်ပွန်းဖြစ်သူကိုတော့ကယ်တင်နိုင်ခြင်းမရှိဘူး လို့သိရပါတယ်။

 အမျိုးသားဖြစ်သူရဲ့ အလောင်းကိုရှာဖွေရာမှာ ရေကာတာမှကျလာသောရေက ရေစီးအလွန်သန်ပြီးရေအနက်မှာ ၂ မီတာလောက်ရှိသဖြင့်ကယ်ဆယ်ရေးအဖွဲ့မှ အချင်းချင်းကူညီနိုင်ရန်အတွက် လူ ၁၀ယောက်ခန့်အသုံးပြု၍ ရေငုတ်ရှာဖွေစေခဲ့တယ်လို့ ပြောပါတယ်။

 အခင်းဖြစ်ပွားရခြင်းအကြောင်းရင်းကိုမေးမြန်းသောအခါ ရေနစ်သောဇနီးမောင်နှံ့တို့၏မိတ်ဆွေဖြစ်သူ ကိုစိုင်းရဲ့ ပြောပြချက်အရ ရာသီဥတုအလွန်ပူပြင်းတဲ့အတွက် သူငယ်ချင်းတွေကိုအဖော်ခေါ်ပြီး လွန့်ဝန်ယန် (ล้นวังยาง)ရေကာတာ မှာလာရောက်ရေကစားရင်း သေဆုံးသွားတဲ့ကိုစိုးရွှေဟာ ရေလယ်မှာရှိတဲ့ကျောက်ဆောင်ပေါ်ကို အရင်ရေကူးသွားပြီး အန္တာရာယ် မရှိဘူးလို့ယူဆတဲ့အတွက်သူ၏ဇနီးကိုပြန်လာခေါ်၍ နှစ်ယောက်အတူရေကူး၍ကျောက်ဆောင်တွေဆီသို့သွားတဲ့အချိန်မှာရေကာတာမှ ရေစီးအလွန်ကြမ်းလာသည့်အတွက် နှစ်ယောက်စလုံးရေစီးကြောင်းထဲမျှောပါသွားခဲ့တယ်လို့ပြောပါတယ်။

 မိမိတို့သွားကူရာမှာ ရေစီးအရမ်းကြမ်းတဲ့အတွက် ကယ်တင်နိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။ အဲဒီအချိန်မှာ သဲလာတူးသောထိုင်းလူမျိုးများမှ လှေဖြင့်ဝင်ရောက် ကယ်တင်ပေးသဖြင့် ဇနီးဖြစ်သူမယဉ်ယဉ်အေးကိုသာ ကယ်တင်နိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူကိုတော့မကယ်တင်နိုင်ဘူးလို့ပြောပါတယ်။ ကမ်ဖယ်ဖေ့ခရိုင်လူမှုကယ်ဆယ်ရေးအသင်းကို အကူအညီတောင်းပြီး သေဆုံးသူကိုစိုးရွှေရဲ့အလောင်းကို ရှာဖွေရာမှာ အချိန် ၃နာရ်ီခန့်ကြာမှသာ ၎င်းအလောင်းကိုကုန်းပေါ်တင်နိုင်ခဲ့တယ်လို့ပြောပါတယ်။

MTF Channel
https://www.facebook.com/mtftv
မြန်မာဇနီးမောင်နှံရေနစ် ခင်ပွန်းသေဆုံးပြီး ကိုယ်ဝန်ရှိဇနီးကိုတော့ကယ်နိုင်   မြန်မာဇနီးမောင်နှံရေနစ် ခင်ပွန်းသေဆုံးပြီး ကိုယ်ဝန်ရှိဇနီးကိုတော့ကယ်နိုင် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.