ပဲလ်မိုင်ရာမြို့ အနီး၌ ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦးသေဆုံး


ဘေရွတ် ၊ ၁၇-၃-၂၀၁၆

ရုရှားနိုင်ငံသည် ၄င်းတို့၏ တိုက်လေယာဉ် များကို ဆီးရီးယားနိုင်ငံအတွင်းမှ ရုပ်သိမ်းခဲ့ပြီး နောက်တစ်ရက် တွင် ပဲလ်မိုင်ရာမြို့ အနီး၌ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၂၆ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

ဆီးရီးယားနိုင်ငံရှိ သမိုင်းဝင် မြို့တစ်မြို့ ဖြစ်သော ပဲလ်မိုင်ရာမြို့ နှင့် အယ်လ်ဆူခနာ မြို့ကို ဆက်သွယ်ထားသော လမ်းမကြီး တစ်လျှောက်တွင် ပြုလုပ်ခဲ့သော ရုရှား၏ လေကြောင်း တိုက်ခိုက်မှု အတွင်း လူ ၂၆ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း၊ ဆီးရီးယား တပ်ဖွဲ့များသည် ရုရှား တိုက်လေယာဉ် များ၏ လေ ကြောင်း ပစ်ကူနှင့် အကာအကွယ် ပေးမှုကို ရရှိနေကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား  လူ့အခွင့်အရေးဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကလည်း ဆီးရီးယား တပ်ဖွဲ့သည် ရုရှား တိုက်လေယာဉ် များ၏ အကူအညီဖြင့် ပဲလ်မိုင်ရာမြို့ ကို ISIS စစ်သွေးကြွ တို့ထံမှ ပြန်လည်သိမ်းပိုက် နိုင်ရန် ရည်ရွယ်၍ စစ်ဆင်ရေး တစ်ရပ်ကို စတင် လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ပဲလ်မိုင်ရာမြို့ အနီး၌ ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦးသေဆုံး  ပဲလ်မိုင်ရာမြို့ အနီး၌ ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:01 Rating: 5
Powered by Blogger.