မန္တလေး မင်္ဂလာဈေး မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်းတစ်သောင်းကျော်ရှိဟုထုတ်ပြန်


၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက် ကဖြစ်ပွားခဲ့သည့် မန္တလေးမင်္ဂလာဈေး မီးလောင်ကျွမ်းမှုတွင် ငွေကျပ် ၁၀၅၄၆.၆၀ သိန်းခန့် ဆုံးရှုံးခဲ့ရ သည်ဟုမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကယနေ့ထုတ်ပြန်ခဲ့သည်။

ယမန်နေ့က မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးတွင် ရုံးခန်း (၇) ခန်း၊ အရောင်းပြခန်း (၆) ခန်း၊ အတည်ဆိုင်ခန်း (၄၈၁) ခန်း၊ လူနေတိုက်ခန်း (၅၆) ခန်း၊ စုစုပေါင်း အခန်း (၅၅၀) ရှိသည့် အနက် အရောင်းပြခန်း (၄) ခန်း၊ အတည်ဆိုင်ခန်း (၂၉၈)ခန်း၊ လူနေတိုက်ခန်း (၁၉) ခန်း စုစုပေါင်း (၃၂၁) ခန်း နှင့် အလင်းပေါက် ပျံကျဆိုင် (၄၃) ဆိုင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးအနေနှင့် (က)အဆောက်အဦဆုံးရှုံးမှုခန့်မှန်းတန်ဘိုး (၁)မြေညီထပ် ၂၉.၈၀ သိန်း (၂)ပထမထပ် ၅၃၃၄.၀၀ သိန်း (၃)ဒုတိယထပ် ၂၇.၇၅ သိန်း (၄)တတိယထပ် ၁၄၈.၀၀ သိန်း (၅)လျှပ်စစ်တန်ဘိုး ၇.၈၅ သိန်း ပေါင်း ၅၅၄၇.၆၀ သိန်း (ခ) ပစ္စည်းဆုံးရှုံးမှုခန့်မှန်းတန်ဘိုး ၅၀၀၀.၀၀ သိန်း စုစုပေါင်း ဆုံးရှုံးမှုတန်ဘိုး ၁၀၅၄၆.၆၀ သိန်း ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ယနေ့ ညနေ ၆ နာရီသတင်းထုတ်ပြန်ကြေငြာခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးနှင့်စပ်လျဉ်း၍ မြို့ခံများအကြား ဝေဖန်မှုပေါင်းစုံလည်းရှိနေသည်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/
မန္တလေး မင်္ဂလာဈေး မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်းတစ်သောင်းကျော်ရှိဟုထုတ်ပြန် မန္တလေး မင်္ဂလာဈေး မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်းတစ်သောင်းကျော်ရှိဟုထုတ်ပြန် Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.