ဓာတ်ဆီဆိုင်အတွင် ဓာတ်ဆီဖလှယ်ထည့်ရာမှ မီးလောင်


ပုသိမ် မတ် ၂၁

ပုသိမ်ခရိုင် ငွေဆောင်မြို့နယ်ခွဲ သလပ်ခွာကျေးရွာ၌ မတ် ၂၁ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်က မီးလောင်မှု ဖြစ်ပွားကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးချက်အရ ဧရာဝတီတိုင်းဒေသကြီး မီးသတ် ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်မြင့်ဆွေနှင့် ပုသိမ်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဌေးလွင်တို့သည် သန္ဓေ တပ်ဖွဲ့ဝင် ၄ဝ၊ မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီး၊ မီးသတ်စက် ယာဉ် တစ်စီး၊ အထောက်အကူပြု ယာဉ်တစ်စီး၊ ကွပ်ကဲရေးယာဉ်တစ်စီး တို့နှင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ဒေသခံအရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ဦးနှင့် ကျေးရွာပြည်သူများ ပူးပေါင်း ငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ သည်။ မီးလောင်မှုကြောင့် ၁၂ ပေ ပတ်လည် ဓနိမိုး၊ ဓနိကာ မြေစိုက်တဲ ဓာတ်ဆီဆိုင်တစ်လုံးနှင့် ဆိုင်ကယ် အဟောင်းနှစ်စီး မီးလောင်ဆုံးရှုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရ သည်။

မီးလောင်မှုအကြောင်းအရင်းမှာ ငွေဆောင်မြို့နယ်ခွဲ သလပ်ခွာ ကျေးရွာနေ ဦးသိန်းလွင် (၄၂နှစ်)၏မြေစိုက်တဲ စက်သုံးဆီအရောင်းဆိုင်၌ ပလတ်စတစ်ဓာတ်ဆီပုံးထဲမှ ဂါလန် ခွက်ထဲသို့ ဓာတ်ဆီဖလှယ်ထည့်ရာမှ တည်ငြိမ်လျှပ်စစ်မီးကြောင့် မီးလောင် မှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဦးသိန်း လွင်ကို သလပ်ခွာနယ်မြေရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်(လှကြည်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဓာတ်ဆီဆိုင်အတွင် ဓာတ်ဆီဖလှယ်ထည့်ရာမှ မီးလောင်  ဓာတ်ဆီဆိုင်အတွင် ဓာတ်ဆီဖလှယ်ထည့်ရာမှ မီးလောင် Reviewed by THITHTOOLWIN on 11:44 Rating: 5
Powered by Blogger.