မြောက်ကိုရီးယားရေတပ်မှ ရေငုပ်သင်္ဘောတစ်စီး စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်စဉ် နစ်မြုပ်ပျောက်ဆုံးခဲ့ဖွယ်ရှိ


ဆိုးလ် ၊ ၁၃-၃-၂၀၁၆

မြောက်ကိုရီးယား ရေတပ်မှ အမျိုးအစားမသိ ရသည့် ရေငုပ်သင်္ဘော တစ်စီးသည် စစ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်စဉ် ပျောက်ဆုံးဖွယ် ရှိကြောင်း ဗြိတိန် အခြေစိုက် စကိုင်းနယူးစ် သတင်း အေဂျင်စီ က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

သတင်းများ၏ ဖော်ပြချက်အရ အဆိုပါ ရေငုပ်သင်္ဘော သည် ရေပြင်စစ်ရေး လှုပ်ရှားမှု ပြုလုပ်စဉ် အတွင်း စက်ချို့ယွင်း မှုကြောင့် နစ်မြုပ်ခဲ့ဖွယ် ရှိကြောင်း သိရသည်။

အဆိုပါ ရေငုပ်သင်္ဘော ပျောက်ဆုံး နေသော  မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်း ကမ်းလွန် ရေပြင်အတွင်း မြောက်ကိုရီးယား ရေတပ်သင်္ဘော များက ရှာဖွေရေး လုပ်ငန်း လုပ်ဆောင် နေမှုကို အမေရိကန် သူလျှိုဂြိုဟ်တု များက စောင့်ကြည့်လျက် ရှိကြောင်း  သတင်းများ၌ ဖော်ပြထားသည်။

နှစ်စဉ်စစ်ရေး လေ့ကျင့်မှု ပူးတွဲ ပြုလုပ်နေသော အမေရိကန် တပ်ဖွဲ့များနှင့် တောင်ကိုရီးယား တပ်ဖွဲ့များကို မြောက်ကိုရီ်းယား အစိုးရက အမျက်ထွက် နေစဉ် မြောက်ကိုရီးယား ရေငုပ် သင်္ဘော ပျောက် ဆုံးမှု သတင်း ပေါ်ထွက် လာခြင်း ဖြစ်သည်။ ရေငုပ်သင်္ဘော ပျောက်ဆုံးခဲ့သည့် နေရာနှင့် ပတ်သက်၍ မြောက် ကိုရီးယား နိုင်ငံက တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခြင်း မရှိဘဲ အကူအညီ များလည်း တောင်းခံခဲ့ခြင်း မရှိဟု အမေရိကန် ရေတပ် အင်စတီကျူ့ မှ တာဝန်ရှိသူ တစ်ဦး က ပြောကြား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
မြောက်ကိုရီးယားရေတပ်မှ ရေငုပ်သင်္ဘောတစ်စီး စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်စဉ် နစ်မြုပ်ပျောက်ဆုံးခဲ့ဖွယ်ရှိ  မြောက်ကိုရီးယားရေတပ်မှ ရေငုပ်သင်္ဘောတစ်စီး စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်စဉ် နစ်မြုပ်ပျောက်ဆုံးခဲ့ဖွယ်ရှိ Reviewed by THITHTOOLWIN on 15:09 Rating: 5
Powered by Blogger.