မြိတ်မြို့တွင် ပျောက်ဆုံးနေသော တက္ကသိုလ် တတိယနှစ် ကျောင်းသူ၏ အလောင်းအား တွေရှိ


မြိတ်မြို့တွင် တက္ကသိုလ် တတိယနှစ် တက်ရောက် ပညာသင်ယူနေသည့် မြိတ်တက္ကသိုလ် ကျောင်းသူ မအေးမြတ်သူ သည် ၁၀.၃.၂၀၁၆ရက် ည၇း၀၀ အချိန် ခန့် က ပျောက်ဆုံးနေကြောင်း သိရှိ ရပြီး သူမ၏ အုပ်ထိန်းသူများ က အပူတပြင်း လိုက်လံ ရှာဖွေ ခဲ့ကြသည်။

ထိုသို့ရှာဖွေရာ၌ အဆိုပါရက်နေ့ ည၉း၀၀ အချိန်ခန့်တွင် သူမစီးနေသော ဆိုင်ကယ်နှင့်အ တူ ၎င်း၏ အသုံးအဆောင်ပစ္စည်း များအား မြိတ် ကျွဲကူး -ကျောက်ဖျား တံတားပေါ်၌ တွေ့ခဲ့ရပြီး သူမ၏ အလောင်းအား ၁၂-၃- ၂၀၁၆ ရက်နေ့ နံနက်ပိုင်းက မြိတ်မြို့ တောင်းရှည် ကျေးရွာအုပ်စု တောင်းညိုရွာ အနီး မြစ်ထဲတွင် ပြန်လည်တွေရှိပြီး ၀ဋံသက နာရေး ကူညီမှု အသင်းမှ မြိတ်ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့သည်။

သူမသည် ကျွဲကူး_ ကျောက်ဖျာ တံတားပေါ်မှ ရေထဲသို့ ခုန်ချခဲ့ကြောင်း သိရှိရသည်။

မြိတ်မြို့ သတင်းမီဒီယာ
မြိတ်မြို့တွင် ပျောက်ဆုံးနေသော တက္ကသိုလ် တတိယနှစ် ကျောင်းသူ၏ အလောင်းအား တွေရှိ  မြိတ်မြို့တွင် ပျောက်ဆုံးနေသော တက္ကသိုလ် တတိယနှစ် ကျောင်းသူ၏ အလောင်းအား တွေရှိ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.