အငိုမတိတ်သည့် သမီးအရင်းကို အဖေရင်းက ဓားဖြင့်ခုတ်သတ်


ကျိုင်းတုံ၊ မတ်လ (၃) ရက် ။ ။ ငိုနေသည့် လသားအရွယ်သမီးငယ်အား ဦးခေါင်းကို ဓားဖြင့်ခုတ်သဖြင့် ကလေးငယ်သေဆုံးသွားကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ ပန်ကြူအုပ်စု၊ ပန်ယောင်းရွာတွင် မတ်လ(၁)ရက်နေ့က ဦးရှဲချီ (ခ) ဦးချဲချေကောလာသည် (၉)လအရွယ် သမီးငယ်အား ချီထားစဉ် အငိုမတိတ်သည့်အတွက် ဓားဖြင့်ခုတ်မည် ပြောသဖြင့် ဇနီးဖြစ်သူက ကြောက်လန့်ပြီး အော်ဟစ်အကူအညီတောင်းရာ လာရောက်တားဆီးသည့် အိမ်နီးချင်းဖြစ်သူ ဦးယာချီအားလည်း ဦးခေါင်းကို ဓားဖြင့် ခုတ်လိုက်သဖြင့် ကျိုင်းတုံဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် အချိန်သည် မတ်လ(၁)ရက်နေ့က ဖြစ်ပွားတာဖြစ်ပြီး ကလေး၏ ဦးခေါင်းအား ဓားဖြင့်ခုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချထားကြောင်း နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပန်ကြူအုပ်စု ပြည်သူ့စစ်တပ်ဖွဲ့တို့မှ ပူးပေါင်း၍ သေဆုံးသူကလေး၏ ဖခင်ဖြစ်သူအား ၂၀၁၆ ခုနှစ် မတ်လ (၂ ) ရက်နေ့ ညနေ (၅) နာရီအချိန်၌ ၎င်း၏ နေအိမ်အတွင်း၌ပင် ဖမ်းဆီးရမိကြောင်း သိရသည်။

သမီးငယ်အား ဦးခေါင်းကို ဓားဖြင့်ခုတ်သတ်သူ ဦးရှဲချီ (ခ) ဦးချဲချေကောလာအား ဥပဒေအရ အရေးယူပေးပါရန် ကလေး၏ မိခင်ဖြစ်သူ ဒေါ်နာလယ်နှင့် ဓားခုတ်ခံရသူ ဦးယာချီ၏ သားဖြစ်သူ ဦးယာချီးလေတို့မှ အမှုဖွင့်တိုင်တန်းထားသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၉၄/၄၅၁/၄၂၇ နှင့် (ပ) ၃၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်း ။ ။ ‪‎ဇင်အောင်‬
Tachileik News Agency
http://www.tachileik.net
အငိုမတိတ်သည့် သမီးအရင်းကို အဖေရင်းက ဓားဖြင့်ခုတ်သတ်  အငိုမတိတ်သည့် သမီးအရင်းကို အဖေရင်းက ဓားဖြင့်ခုတ်သတ် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.