သပြေကန်ကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၍ သပြေကန်သူတစ်ဦးသေဆုံး


ပဲခူး မတ်(၁၆)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သပြေကန်ကျေးရွာအနီး ရန်ကုန် -မော်လမြိုင် ကားလမ်းမကြီး စစ်တောင်းတံတားသစ်ဘက်အခြမ်း မိုင်တိုင်အမှတ် (၅/၄ နင့် ၅/၅) ကြားတွင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသော သပြေကန်ကျေးရွာတွင်နေ ထိုင်သည့် အသက်(၇၀)နှစ်အရွယ်ရှိ ဒေါ်သောင်းယဉ်ဆိုသူ အမျိုးသမီးကြီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယခုလ (၁၆)ရက်နေ့ နံနက် ၁၀ နာရီ ၅၀မိနစ်အချိန်ခန့် က ရန်ကုန်ဘက်မှမော်လမြိုင်ဘက်သို့ ယာဉ်မောင်းဦးအေးမော် အင်းစိန်မြို့နေသူမောငိးနှင်လာသည့် နံပါတ်ပြား 8J/1557 တပ်ဆင်ထားသည့် MICRO BUS အမျိုးအစားယာဉ်နှင့် ကျိုက်ထိုဘက်မှ ဘုရားကြီးဘက်သို့ ယာဉ်မောင်း လဝင်းထွန်း ဘိုကတော်ကျေးရွာဝေါမြို့နေသူမောင်းနှင်လာသော Honda Dream Exces အမျိုးအစား ဆိုင်ကယ်အား သပြေကန်ကျေးရွာဘက်မှ ကားလမ်းမပေါ်သို့ ဖြတ်မောင်းတက်စဉ် တဘက်ယာဉ်ကြောမှ မောင်းနှင်လာသော MICRO BUS ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခြင်း ဖြစ်ကြောင်း ညောင်ခါးရှည်နယ်မြေရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပက်သက်၍ ဆိုင်ကယ်မောင်းနှင်သူ လဝင်းထွန်းနှင့် ကားမောင်းနှင်သူဦးအေးမော်တို့ နှစ်ဦးအား ရဲတပ်ကြပ်ကြီးစိုးဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ညောင်ခါးရှည်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၃/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ တို့ ဖြင့်အမှုဖွင့်လှစ် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးတေ(ညောင်ခါးရှည်)
Waw Media Page
https://www.facebook.com/Waw-Media-Page
သပြေကန်ကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၍ သပြေကန်သူတစ်ဦးသေဆုံး  သပြေကန်ကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၍ သပြေကန်သူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 05:50 Rating: 5
Powered by Blogger.