ခြေဥခုံရုံးကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရအောင် ဖွဲ့စည်းမည်ဟု ဆို


ရွေးကောက်ခံသမ္မတ၊ လွှတ်တော် ၂ ရပ်တို့က အခြေခံဥပဒေ ခုံရုံး အဖွဲ့ဝင်အဖြစ် အဆိုပြုသူများ၏ အမည်စာရင်းကို ယမန်နေ့က လွှတ်တော်သို့ တင်သွင်း ခဲ့သည်။ ယခု အမည်စာရင်းတွင် ပါဝင်သူများကို ပါတီက သေချာစွာ စီစဉ်ထားသည်ဟု သိရှိရသည်။ အဖွဲ့ဝင် ၉ ဦးပါဝင်ပြီး အရေးပါသည့် အခြေခံဥပဒေခုံရုံး သည် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေများအားလုံးကို စိစစ်ခြင်း၊ အနက်ဖွင့်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။

ခုံရုံးဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးဟောင်း ဦးမျိုးညွန့်အား အမည်တင်သွင်းခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့က ခုံရုံးအတွက် အဖွဲ့ဝင် သုံးဦးစီ အမည်တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် အမည်စာရင်း တင်သွင်းခံရသူများတွင် လက်ရှိ အဖွဲ့ဝင်ဟောင်း ၂ ဦး၊ NLD ပါတီဝင် တစ်ဦးနှင့် ပြင်ပ ဥပဒေပညာရှင်များ အကြံပေးများ ပါဝင်သည်။ အခြေခံဥပဒေခုံရုံးအား မည်သည့် ပါတီအဖွဲ့အစည်း၏ လွှမ်းမိုးမှုမျှ မရှိစေရန် အဖွဲ့ဝင် ရွေးချယ်ရာတွင် NLD ပါတီဝင်တစ်ဦးကိုသာ ထည့်သွင်း ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

NLD သည် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌရာထူးများနှင့် သမ္မတရာထူးကို ရယူထားနိုင်သဖြင့် အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် ၉ဦးလုံးကို စိတ်ကြိုက် ရွေးချယ်ခွင့်ရခဲ့သော်လည်း တစ်ဖက်သတ် ရွေးချယ်ခံရသည့် အဖွဲ့အစည်းအဖြစ် အပြန်အလှန် ထိန်းကျောင်းမှု မပြုနိုင်မည်ကို သတိမူ၍ လုပ်ဆောင်ခဲ့သည်။ NLD သည် အခြေခံ ဥပဒေခုံရုံးအဖွဲ့ဝင် အားလုံးအား အသစ်လဲလှယ်ခြင်း မပြုလုပ်လိုသဖြင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်ဝင်းနှင့် ဒေါ်လှမျိုးသွယ် တို့ ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
ခြေဥခုံရုံးကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရအောင် ဖွဲ့စည်းမည်ဟု ဆို ခြေဥခုံရုံးကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရအောင် ဖွဲ့စည်းမည်ဟု ဆို Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.