နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား


ဒီးမော့ဆို မတ် ၂၀

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုဒေါခလိုက်လင်းကျေးရွာ
ဦးရွယ်ယု (၄၂)နှစ် နေအိမ်တွင် ဝက်သားကင်ထားရာမှ လယ်ထဲပျိုးနုတ်သွားချိန် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာမတ် ၂၀ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်၌ဒေါခလိုက်လင်းကျေးရွာဦးရွယ်ယု (၄၂)နှစ် နေအိမ်တွင် ဝက်သားကင်ထားရာမှ လယ်ထဲပျိုးနုတ်သွားချိန် နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာလွိုင်ကော်ခရိုင်မှ မီးသတ်စက်ယာဉ် တစ်စီး၊ ဒီးမော့ဆိုမြို့နယ်မှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် ရေသယ်ယာဉ် တစ်စီး၊ လွိုင်ကော်ခရိုင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄) ဦး၊ ဒီးမော့ဆိုမြို့နယ်သေ န္ဓမီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ကျေးရွာနေပြည်သူလူထုများ ဝိုင်းဝန်းမီးငြိမ်းသတ်ရာ ၁၁ နာရီ ၄၅ မီနစ်တွင် မီးစထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၄၇ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုကြောင့် ၂၄ပေ၁၈ ပေရှိသွပ်မိုး၊ ထရံကာနေအိမ်တစ်လုံးမီးလောင်ခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး ၁ သိန်းခန့်ရှိကြောင်း မီးလောင်မှုဖြစ်ပွားရာသို့ လွိုင်ကော်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်လက်ထောက်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေမှူး ဦးယဉ်ထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများလာရောက်ကူညီဆောင်ရွက်ကြောင့် သိရသည်။

မြို့နယ် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား  နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.