ထိန်းသိမ်းခံ တကသကျောင်းသား ၃ ဦး စာမေးပွဲဖြေခွင့် မရသေး

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တကသပြန်ကြားရေးတာဝန်ခံ ကိုဖိုးသားကို မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Photo: Htet Arker/ RFA
တရားမ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသ ကျောင်းသားသုံးယောက်ဟာ လာမယ့် မတ်လ ၁၈ရက်နေ့မှာ စတင်မယ့် တက္ကသိုလ်စာမေးပွဲကို ဖြေဆိုခွင့်ရဖို့ တင်ပြထားပေမယ့် တရားဝင် ခွင့်ပြုချက် မရရှိသေးဘူးလို့ သိရပါတယ်။

ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးချိန်းမှာ ဒဂုံတက္ကသိုလ်ကျောင်းသား တကသပြန်ကြားရေးတာဝန်ခံ ကိုဖိုးသားက စာမေးပွဲဖြေဆိုခွင့်ရဖို့ တင်ပြထားတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"တက္ကသိုလ်စာမေးပွဲတွေက ၁၈ ရက်နေ့စပြီလို့ပြောတယ်၊ ဒါပေမယ့် စာမေးပွဲဖြေခွင့်နဲ့ ပတ်သက်လို့ ဒဂုံတက္ကသိုလ်က ဌာနမှူးတွေဆီမှာ ကျနော်အကူအညီတောင်းထား တာ တွေတော့ရှိတယ်၊ ဒီအကျဉ်းထောင်က စာမေးပွဲဖြေဖို့ တစ်စုံတစ်ရာတာဝန်ယူမှုရှိရင် သူတို့ဖက်ကပေးဖြေမယ်လို့တော့ ပြောတယ်၊ အခုထိတော့ စာမေးပွဲဖြေဖို့ မသေချာ သေးဘူး"

အင်းစိန်အကျဉ်းထောင်မှာ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဖိုးသား၊ ကိုပိုင်ဖြိုးမင်းနဲ့ စီးပွားရေးတက္ကသိုလ်က ကိုမင်းသူကျော်တို့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

သူတို့ဟာ တရားမ၀င်စီတန်းလှည့်လည်မှုပုဒ်မ ၁၈နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ကို Failed Law စာသားပါ တီရှပ်တွေ ၀တ်ဆင်ပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ထိန်းသိမ်းခံ တကသကျောင်းသား ၃ ဦး စာမေးပွဲဖြေခွင့် မရသေး  ထိန်းသိမ်းခံ တကသကျောင်းသား ၃ ဦး စာမေးပွဲဖြေခွင့် မရသေး Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.