ထော်လာဂျီနှင့် မှန်လုံယာဉ် မျက်နှာချင်းဆိုင်တိုက် နှစ်ဦးသေ


ပုသိမ် မတ် ၁၃

ပုသိမ်-ရန်ကုန်လမ်းမကြီး မိုင် တိုင်အမှတ် (၂၁/၇) နှင့် (၂၂/ ၁) ကြား မဲဇလီအောက်စုကျေးရွာအနီး ၌ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်မောင်း သူရမြင့် (၄ဝနှစ်)၊ ပုသိမ်မြို့ အမှတ်(၉)နယ် မြေ သင်္ဘောကျဉ်းနေသူ မောင်းနှင် လာသော ခရီးသည် ၅ဝ ခန့်တင် ဆောင်လာသည့် ပုသိမ်-ရန်ကုန် ခရီးသည်ယာဉ် နေလဝင်းမှန်လုံယာဉ် နှင့် ယာဉ်မောင်း မျိုးကိုဦး(၂၉နှစ်) အောက်စုကျေးရွာ မဲဇလီကျေးရွာ အုပ်စုနေ မောင်းနှင်လာသည့် ထော်လာဂျီယာဉ်ပေါ်၌ ကုက္ကိုသား ခြောက်ထင်းများ သယ်ဆောင်ပြီး မဇင်သူစိုး (၃၅နှစ်) စန်သယော် ကျေးရွာ ထန်းတပင်မြို့နေသူ ပြည့် ဖြိုးအောင်(၂၂ နှစ်) ဆားမလောက် ကျေးရွာ ညောင်တုန်းမြို့နေသူတို့ ခရီးကြုံလိုက်ပါလာသော ထော်လာ ဂျီ ယာဉ်တစ်စီးသည် လမ်းမကြီး အလယ် အရှိန်ပြင်းစွာ မောင်းနှင် လာရာမှ မျက်နှာချင်းဆိုင်တိုက်မိ ကာ ထော်လာဂျီယာဉ်တိမ်းမှောက် ပြီး ယာဉ်မောင်း မျိုးကိုဦးတွင် ဒဏ်ရာ(စိုးရိမ်ရ) ရရှိသွားပြီး မဇင်သူ စိုးနှင့် ပြည့်ဖြိုးအောင်တို့နှစ်ဦးမှာ ထော် လာဂျီယာဉ်နှင့် ကုက္ကိုသား ခြောက်များပိ၍ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။

ပုသိမ်-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်၌ လိုက်ပါလာသော ဦးသန်းအောင်(၄၂ နှစ်) ပန်းတနော် မြို့နေသူမှာ ဒဏ်ရာအနည်းငယ် ရရှိ သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မဲဇလီနယ်မြေရဲစခန်းမှ ယာဉ်မောင်း မျိုးကိုဦးနှင့် သူရမြင့်တို့နှစ်ဦးကို အရေးယူထားကြောင်း သိရသည်။
''ဖြစ်လာပြန်တော့လည်း သနား စရာ၊ ကရုဏာသက်စရာပါ။ ထော် လာဂျီတွေဟာ လယ်ယာကဏ္ဍမှာ သာ အသုံးပြုဖို့ဖြစ်ပါတယ်။ ဒါပေ မယ့် အမြန်လမ်းမကြီးတွေပေါ်မှာ ကုန်တင်ယာဉ်ပြုလုပ်နေကြတယ်။ အမြန်ယာဉ်ကြီးတွေနဲ့အတူ ယှဉ်ပြိုင် မောင်းနှင်ကြတယ်။ စပယ်ယာမပါ၊ ဘက်မှန်မရှိ၊ ယာဉ်စည်းကမ်း နား မလည်ကြတော့ ယာဉ်တိုက်မှု၊ ထော် လာဂျီယာဉ်တိုက်မှုတွေ များပြားလာ တယ်''ဟု ဧရာဝတီတိုင်းဒေသကြီး ယာဉ်ထိန်းတာဝန်ခံရဲမှူး စောဝင်းက ပြောသည်။

 ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထော်လာဂျီနှင့် မှန်လုံယာဉ် မျက်နှာချင်းဆိုင်တိုက် နှစ်ဦးသေ  ထော်လာဂျီနှင့် မှန်လုံယာဉ် မျက်နှာချင်းဆိုင်တိုက် နှစ်ဦးသေ Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.