မင်းလှမြို့ ဒဟတ်ပင်ရေနံမှော်၌ မီးလောင်မှုဖြစ်ပွား


မင်းလှ မတ် ၁ဝ
သရက်ခရိုင် မင်းလှမြို့နယ် ဘွဲ့ ကျေးရွာအုပ်စု ဒဟတ်ပင်ရေနံမှော် အတွင်းရှိ လုပ်ကွက်အမှတ် (၃)၌ မတ် ၉ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အဆိုပါ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် မြို့နယ်မီးသတ်ယာဉ် သုံးစီး၊ ဒဟတ်ပင်ရေနံမှော် ပရဟိတအဖွဲ့မှ ရေသည်ယာဉ်သုံးစီးတို့ဖြင့် သွား ရောက်ပြီး ဒေသခံရွာသူ ရွာသားများ နှင့်ပူးပေါင်းကာ မီးငြှိမ်းသတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး စစ်ဆေးရာ မင်းလှ မြို့နယ် မြကင်းတောင်အရှေ့ဘက် ဘွဲ့ကျေးရွာအုပ်စု ဒဟတ်ပင်ရေနံ မှော်အတွင်းရှိ လုပ်ကွက်အမှတ်(၃)ရှိ ယာပိုင်ရှင် ဒေါ်မြကြည် (၈ဝ နှစ်) ကွန်းသွန်းကျေးရွာ မင်းလှမြို့နယ် နေသူ၏ ယာမြေပေါ်၌ တဲဆောက် လုပ်နေထိုင်သော နိုင်ဝင်း(၄ဝ နှစ်) ဘွဲ့ကျေးရွာ မင်းလှမြို့နယ်နေသူ သည် ၄င်း၏ သက်ငယ်မိုး ထရံကာ တဲအတွင်း ရေနွေးအိုးတည်ရာမှ အနီးရှိ သက်ငယ်ကို မီးကူးစက် လောင်ကျွမ်းခဲ့ရာ စုပုံထားသော ကလပ်ခုံဟောင်း နှစ်ခု၊ ပီပါခွံဟောင်း ခြောက်လုံး၊ အနီးပတ်ဝန်းကျင် ရှိ သက်ငယ်မိုးထရံကာ တဲငါးလုံး၊ (ပိုင်ရှင်စိစစ်ဆဲ)တို့ မီးလောင်ခဲ့ ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ နိုင်ဝင်းအား မင်းလှမြို့နယ် မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျော်ဇေယျ(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင်းလှမြို့ ဒဟတ်ပင်ရေနံမှော်၌ မီးလောင်မှုဖြစ်ပွား  မင်းလှမြို့ ဒဟတ်ပင်ရေနံမှော်၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:10 Rating: 5
Powered by Blogger.