ရပ်ထားသည့်ယာဉ်အား နောက်မှဝင်တိုက်ပြီး ယာဉ်မောင်းရှောင်ပြေး


ရန်ကုန် မတ် ၅

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရတနာလမ်းမကြီး တွင် သံချောင်းများ တင်ဆောင်၍ ရပ်တန့်ထားသည့် ၂၂ ဘီးယာဉ်အမှတ9B/---- (နောက်တွဲပါ) ယာဉ်ကို ပဲခူးမြစ်လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ကိုယ်ပိုင်ယာဉ် 9C/---- (ဟာရီယာ) ယာဉ်က မတ် ၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် အရှိန်ဖြင့် ဝင်ရောက်တိုက်မိသည်။

ဝင်ရောက်တိုက်မိသည့် 9C/---- ယာဉ်သည် ဦးခေါင်းပိုင်းတွင် ပျက်စီးခဲ့ပြီး ယာဉ်မောင်းမှာ ရှောင်တိမ်းသွားခဲ့သည်။

၂၂ ဘီး (နောက်တွဲပါ) ယာဉ်၏ ယာဉ်မောင်းမှာ ဦးသိန်းမြဖြစ်ပြီး ကိုယ် ပိုင်ယာဉ် ဟာရီယာ ယာဉ်မောင်းအား အရှေ့ပိုင်းခရိုင် ယာဉ်မှုစစ် ရဲအုပ် ယဉ်ထွေးနှင့်အဖွဲ့က စုံစမ်းလျက်ရှိကြောင်း သိရသည်။

ကိုကြီးစိုး(ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရပ်ထားသည့်ယာဉ်အား နောက်မှဝင်တိုက်ပြီး ယာဉ်မောင်းရှောင်ပြေး  ရပ်ထားသည့်ယာဉ်အား နောက်မှဝင်တိုက်ပြီး ယာဉ်မောင်းရှောင်ပြေး Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.