ချောင်းကူး တံတားဟောင်းအား ပြုပြင်စဉ် တံတားကျိုးကျ၍ အမျိုးသမီး တစ်ဦးသေဆုံး


ဘားအံ မတ် ၅

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့သံခါကျေးရွာနှင့် ကော့ထမလိန်း ကျေးရွာအကြားရှိ ချောင်းကူးတံတား ပြိုကျ၍ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အွန်ချောင်းလက် တက်ချောင်းကူး ရေပြွန်ပေါက်ပေါ် တွင် လူသွားလမ်းအဖြစ် အသုံးပြုရန် အကျယ် သုံး ပေ၊ အနက် ၁၂ ပေ၊ အရှည် ပေ ၂ဝဝ ရှိ ဝါးကူကွန်ကရစ် ခင်းထားသည့် တံတားဟောင်း တစ် စင်းအား မတ် ၂ ရက်က ပြန်လည် ပြုပြင်ရာတွင် ကျေးရွာသူ/သား ၂ဝ ခန့်ဖြင့် ကူညီလုပ်ကိုင်ဆောင်ရွက် နေကြစဉ် မသင်းသင်းအောင်နှင့် မချစ်သစ္စာတို့ တံတားပေါ်သို့ တက် ရောက်စဉ် လူသွားလမ်းအဖြစ် ခင်းထားသော ဝါးကူကွန်ကရစ် တံတားအခင်း ကျိုးကျသွားသဖြင့် အနက် ၁၂ ပေခန့်ရှိ ချောင်း အတွင်းသို့ နှစ်ဦးလုံးကျသွားခဲ့ရာ မသင်းသင်းအောင်မှာ ဝါးကူ ကွန်ကရစ်အပိုင်း ရိုက်မိ၍ ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ၄င်း၏တူမဖြစ်သူ မချစ်သစ္စာမှာ ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မသင်းသင်းအောင် သေဆုံးခြင်း အပေါ် ထုံးအိုင်နယ်မြေ ရဲစခန်းက အမှုဖွင့်ထားပြီး ခေတ္တစခန်းမှူး ရဲအုပ်မြဝင်းက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ချောင်းကူး တံတားဟောင်းအား ပြုပြင်စဉ် တံတားကျိုးကျ၍ အမျိုးသမီး တစ်ဦးသေဆုံး  ချောင်းကူး တံတားဟောင်းအား ပြုပြင်စဉ် တံတားကျိုးကျ၍ အမျိုးသမီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.