မြန်မာနိုင်ငံ၏ သမ္မတသစ်အား ကုလသမဂ္ဂ အကြီးအကဲ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အားတွေ့ရစဉ် (ဆင်ဟွာ)
    ကုလသမဂ္ဂ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရသည့်  ဦးထင်ကျော် အား  ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက် တစ်ခု၌ ပြောကြားခဲ့သည်။

ဘန်ကီမွန်းက ထိုသို့ရွေးချယ် တင်မြှောက်ခံရမှုအား မြန်မာနိုင်ငံ အစိုးရဟောင်း လက်ထက်တွင် ဆောင်ရွက် ခဲ့သည့် ဒီမိုကရေစီ ပြောင်းလဲမှုများကို ဆက်လက် မြှင့်တင် ဆောင်ရွက်ရန်အတွက် အရေးကြီးသည့် အောင်မြင်မှု တစ်ခုအဖြစ် ကြိုဆိုပါကြောင်း ၄င်း၏ ပြောရေးဆိုခွင့်ရှိသူ က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဘန်က သမ္မတ ဦးထင်ကျော်နှင့် အခြား အရေးပါသည့် နိုင်ငံရေး ခေါင်းဆောင်များ သည် မြန်မာနိုင်ငံ အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် စည်းလုံး ညီညွတ်မှု ရရှိစေရန် အတွက် လက်တွဲ လုပ်ဆောင်သွားရန် ပြောကြား ခဲ့သည်။

ဘန်က မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက် အကျိုးရှိစေမည့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့အခွင့်အရေး နှင့် ဥပဒေ ဖော်ဆောင်ရေးတို့အတွက် ကူညီ ထောက်ပံ့ပေးရန် ကုလသမဂ္ဂ အနေဖြင့် အဆင်သင့် ရှိနေပါကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
မြန်မာနိုင်ငံ၏ သမ္မတသစ်အား ကုလသမဂ္ဂ အကြီးအကဲ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား  မြန်မာနိုင်ငံ၏ သမ္မတသစ်အား ကုလသမဂ္ဂ အကြီးအကဲ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.