ဘန်ကောက်မြို့တွင် ခရီးသည်တင်လှေ အင်ဂျင် ပေါက်ကွဲမှုကြောင့် မြန်မာနှစ်ဦး အပါအဝင် ခရီးသည် အယောက် ၅၀ ဒဏ်ရာ ရရှိ

အင်ဂျင်ပေါက်ကွဲမှု ဖြစ်သည့် ခရီးသည်တင်လှေအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဘန်ကောက်၊ မတ် ၅ ရက် (ဆင်ဟွာ)

    မတ်လ ၅ ရက်တွင် ဘန်ကောက် တူးမြောင်း တစ်ခု၌ ခရီးသည်တင် လှေတစ်စီး၏ အင်ဂျင် ပေါက်ကွဲမှု ကြောင့် မြန်မာနှစ်ဦး အပါအဝင် ခရီးသည် အယောက် ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လှေအင်ဂျင် ပေါက်ကွဲမှုသည် ဘန်ကောက်မြို့၊ ဟွာမတ်ခ် (Hua Mark) ဧရိယာ အတွင်းရှိ Saen Saab တူးမြောင်း ပေါ်ရှိ Tepleela ဘုရားကျောင်း၏ ဆိပ်ခံတံတား၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံများသို့ အလျှင်အမြန်ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယင်း ခရီးသည် တင်လှေသည် ၄င်း၏ ပထမအသုတ် ခရီး စတင် ထွက်ခွာသည့် မတ်လ ၅ ရက် နံနက်ပိုင်းတွင် သဘာဝ ဓါတ်ငွေ့ရည် (LNG) သုံး အင်ဂျင် ပေါက်ကွဲခဲ့ကာ ခရီးသည်များ ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ထိခိုက်ခံရသူ အများစုမှာ ဒဏ်ရာ သေးငယ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သို့သော် ပေါက်ကွဲမှုကြောင့် ခရီးသည်တင်လှေ တိမ်းမှောက်သွားခြင်း မရှိကြောင်း သိရသည်။

ယင်းခရီးသည် တင်လှေအား ပိုင်ဆိုင်သည့် Krobkrua Konsong ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ Chaovalit Metayaprapat က ထိခိုက် ဒဏ်ရာရရှိခဲ့သော ခရီးသည်များအတွက် ၄င်းတို့၏ ကုမ္ပဏီမှ အပြည့်အဝ တာဝန် ယူသွားမည် ဖြစ်ကြောင်း၊ LNG လောင်စာသုံး အင်ဂျင်များသည် တရားဝင် ဘေးကင်း စိတ်ချရသည့် အတွက် လုပ်ငန်းမှ အခြားလှေများကို အရင်အတိုင်း တူးမြောင်းအတွင်း လှည့်လည် ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူးမြောင်းအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဘန်ကောက်မြို့တွင် ခရီးသည်တင်လှေ အင်ဂျင် ပေါက်ကွဲမှုကြောင့် မြန်မာနှစ်ဦး အပါအဝင် ခရီးသည် အယောက် ၅၀ ဒဏ်ရာ ရရှိ ဘန်ကောက်မြို့တွင် ခရီးသည်တင်လှေ အင်ဂျင် ပေါက်ကွဲမှုကြောင့် မြန်မာနှစ်ဦး အပါအဝင် ခရီးသည် အယောက် ၅၀ ဒဏ်ရာ ရရှိ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.