ဘင်္ဂလားဒေ့ရှ် က အစ္စလာမ်မစ် အစွန်းရောက် ငါးဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ဖမ်းဆီး


ဒါကာ ၊ ၁၅-၃-၂၀၁၆

လာမည့်လတွင် ကျရောက်မည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီ လူမျိုးများ၏ နှစ်သစ်ကူး ပွဲတော်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားသူ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် အဖွဲ့ဝင် ငါးဦးကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့က မတ် ၁၄ ရက်တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျာမတ်အယ်လ် မူဂျာဟစ်ဒင် ဘင်္ဂလားဒေ့ရှ် အကြမ်းဖက် အဖွဲ့ဝင် ငါးဦးကို ဒါကာမြို့ပြင်ရှိ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် ရဲတပ်ဖွဲ့နှင့် စစ်ဘက်တပ်ဖွဲ့ဝင် များက ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အလျင်အမြန် တုံ့ပြန်ရေး တပ်ရင်းမှ ပြောရေးဆိုခွင့် ရှိသူ မီဇနာ ရာမန်ဘူအီယာ က ပြောကြားသည်။

''အကြမ်းဖက်အဖွဲ့ဝင် ငါးဦးကို သတင်းအရ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့နှင့်အတူ ဖောက်ခွဲရေး ဂျယ်လ်များ အပြင် ဗုံးထုတ်လုပ် ရာတွင် အသုံးပြုသည့် အခြားဆက်စပ် ပစ္စည်းများကို သိမ်းဆည်း နိုင်ခဲ့ပါတယ်'' ဟု အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

ဘင်္ဂါလီ နှစ်သစ်ကူး ပွဲတော်သည် မူဆလင် လူမျိုးသန်း ၁၆ဝ ခန့် နေထိုင်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အကြီးဆုံးသော ပျော်ပွဲရွှင်ပွဲ တစ်ခုဖြစ်ပြီး အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့များ၏ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံရသော ပွဲဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဘင်္ဂလားဒေ့ရှ် က အစ္စလာမ်မစ် အစွန်းရောက် ငါးဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ဖမ်းဆီး  ဘင်္ဂလားဒေ့ရှ် က အစ္စလာမ်မစ် အစွန်းရောက် ငါးဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ဖမ်းဆီး Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.