ထိုင်းနိုင်ငံ၊ ဘန်ထန့်ပူးပေါင်း စစ်ဆေရေးဂိတ်၌ မြန်မာတစ်ဦးသေဆုံး၊ သုံးဦးအရှင်ဖမ်းမိ စိတ်ကြွရူးသွပ်ဆေးပြား၊ လက်နက်ခဲယမ်းများနှင့် အတူဖမ်းဆီးရမိ


တာချီလိတ် မတ် ၁၁

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်၊ ပုံငန်းတိုက်နယ်၊ ဘန်ထန့်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စိတ်ြွကရူးသွပ်ဆေးပြားများသယ်ဆောင်လာသော မြန်မာ လေးဦးထံမှ စိတ်ြွကရူးသွပ်ဆေးပြား နှစ်သိန်း၊ 9မမပစ္စတို တစ်လက်၊ 9မမကျည် ရှစ်တောင့်၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့သိမ်းဆည်းရမိပြီး တစ်ဦး အသေ၊ သုံးဦးအရှင်ဖမ်းဆီးခဲ့ ကြောင်း မယ်ဆိုင်အွန်းလိုင်း သတင်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၀ ရက်နေ့၊ ညနေ ၅ နာရီအချိန်က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်၊ ပုံငန်းတိုက်နယ်၊ ဘန်ထန့်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန် ကျ အမှတ်(၂)လှုပ်ရှားယန္တာရားတပ်မှ
တာဝန်ကျ တပ်ဖွဲ့ဝင်များ၊ မယ်ဆိုင်မြို့နယ်၊ အမှတ်(191)ရဲတပ်ဖွဲ့ဝင် များသည် မယ်ဆိုင်မြို့နယ်ဘက်မှ ချင်းရိုင်းမြို့နယ်ဘက်သို့ ထွက်ခွာ လာသောယာဉ်များအား စစ်ဆေးခဲ့ရာ ညနေ ၆ နာရီချိန်ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ဆိုင်ကယ် တစ်စီးဖြင့် အာခါလူမျိုးနှစ်ဦးနှင့် ကျောပိုးအိတ်ဖြင့် လမ်းလျှောက်လာသည့် အာခါလူမျိုးနှစ်ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား လေးဦးတို့အားတွေ့ရှိရ၍ ခေါ်ယူ စစ်ဆေးခဲ့ရာ သုံးဦးသာ စစ်ဆေးခံခဲ့ပြီး ကျန်တစ်ဦးမှာလမ်း၏ ယာ ဘက်ရှိ လိုင်းချီးစိုက်ပျိုးခြံ ဘက်သို့ ထွက်ပြေးသွားခဲ့သည်။


အဆိုပါ ထွက်ပြေးသွားသူအား အမှတ်(၂) လှုပ်ရှားယန္တာရားတပ်မှ လိုက်၍ ဖမ်းဆီးခဲ့ရာ ထွက်ပြေးသွားသည့် တရားခံမှ အသင့်ယူဆောင်လာ သော 9မမပစ္စတိုဖြင့် သုံးချက် ခုခံပစ်ခတ်သဖြင့် အမှတ်(၂)လှုပ်ရှားယန္တာရား တပ်မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ၄င်းတို့အား ဆက်လက်စစ်ဆေးရာ အသေဖမ်းဆီးရမိသူမှာ မောင်အားဆီး(၃၅ နှစ်)နှင့် မောင်အားစီ (၄၈ နှစ်)၊ မောင်အာဆာ(၄၃ နှစ်)၊ မောင်ဖိုင်းလို့ (၃၀ နှစ်) မိုင်းကိုးကျေးရွာ၊ တာချီလိတ်မြို့နယ်နေထိုင် သူတို့ဖြစ်ကြပြီး ၄င်းတို့နှင့်အတူ WY စာတမ်းပါ စိတ်ြွကရူးသွပ်ဆေးပြာ ၂၀ဝ၀ဝ၀ပြား၊ 9မမပစ္စတို တစ်လက်၊ ၄င်းကျည် ရှစ်တောင့်၊ လက်ကိုင် ဖုန်း နှစ်လုံး၊ ထိုင်း-၉၈ Honda Wave အပြာရောင်ဆိုင်ကယ် တစ်စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၄င်တို့မှ တစ်ဦးလျှင် အခကြေးငွေ ထိုင်းနိုင်ငံ သုံးဘတ်ငွေ ၁၀ဝ၀ဖြင့် သယ်လာပြီး လာယူမည့်သူလက်အတွင်း မရောက်ခင် ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ရဲစခန်းမှ သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Credit Saw Maung
Social Action for Women - SAW
ထိုင်းနိုင်ငံ၊ ဘန်ထန့်ပူးပေါင်း စစ်ဆေရေးဂိတ်၌ မြန်မာတစ်ဦးသေဆုံး၊ သုံးဦးအရှင်ဖမ်းမိ စိတ်ကြွရူးသွပ်ဆေးပြား၊ လက်နက်ခဲယမ်းများနှင့် အတူဖမ်းဆီးရမိ  ထိုင်းနိုင်ငံ၊ ဘန်ထန့်ပူးပေါင်း စစ်ဆေရေးဂိတ်၌ မြန်မာတစ်ဦးသေဆုံး၊ သုံးဦးအရှင်ဖမ်းမိ စိတ်ကြွရူးသွပ်ဆေးပြား၊ လက်နက်ခဲယမ်းများနှင့် အတူဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.