တရုတ်တွင် ဒေါ်လာ ၄၇ ဒသမ ၈ သန်းတန်ကြေးရှိ စပါးကြီးမြွေအရေခွံ ၂ သောင်းခွဲ ဖမ်းဆီးရမိ


တရုတ်နိုင်ငံ ဟိုင်နန်တွင် အကောက်ခွန်ဝန်ထမ်းများက ဒေါ်လာ ၄၇ ဒသမ ၈ သန်း တန်ကြေးရှိ စပါးကြီးမြွေအရေခွံ ၂ သောင်းခွဲခန့်ကို မှောင်ခိုသမား ၁၆ ဦးထံမှ ဖမ်းဆီးရမိခဲ့ပြီး ယင်းမှာ သမိုင်းတွင် အကြီးမားဆုံး စပါးကြီးရေခွံ ဖမ်းဆီးရမိမှုဟု ဆိုသည်။


အကောက်ခွန်ဝန်ထမ်းများက သတင်းပေးတိုင်ကြားမှုများအရ တရုတ်ပြည် တနံတလျားရှိ မှောင်ခိုဂိုဏ်းကြီးများကို ခြေရာခံ စုံစမ်းခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ မှောင်ခိုဂိုဏ်းများသည် ဗီယက်နမ်နိုင်ငံရှိ ကုမ္ဗဏီတခုမှတဆင့် မြွေရေခွံများကို တရုတ်ပြည်သို့ တင်သွင်းခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိသူများက ၀န်ခံပြောကြားသည်။


စပါးကြီးမြွေသည် တရုတ်ပြည်တွင် ထိပ်တန်း ဦးစားပေးအဖြစ် ကာကွယ်ထိန်းသိမ်းသည့် မြွေအမျိုးအစားဖြစ်ပြီး မြွေရေခွံနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို ပြင်းထန်စွာ တားမြစ်ထားသည်။

ရည်ညွှန်း-Shanghai News
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
တရုတ်တွင် ဒေါ်လာ ၄၇ ဒသမ ၈ သန်းတန်ကြေးရှိ စပါးကြီးမြွေအရေခွံ ၂ သောင်းခွဲ ဖမ်းဆီးရမိ  တရုတ်တွင် ဒေါ်လာ ၄၇ ဒသမ ၈ သန်းတန်ကြေးရှိ စပါးကြီးမြွေအရေခွံ ၂ သောင်းခွဲ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.