ကျွန်းလှမြို့တွင် မီးရထားနှင့် ထော်လာဂျီယာဉ်တိုက်မိ


ကျွန်းလှ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့တွင် မတ်၂၂ ရက် ညနေ ၃ နာရီ မိနစ် ၅ဝ ခန့်က မီးရထားနှင့် ထော်လာဂျီယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘို-မိုးညှင်း ပြေးဆွဲလျက်ရှိသော အမှတ် ၃၉ အဆန်ရထားစက်ခေါင်းအမှတ် DD 959 နှင့် ဖိုးသား(ခ) လှိုင်မင်းဝေ မောင်းနှင်လာသော ၈ဋ္ဌ/---
လိမ္မော်ရောင်ထော်လာဂျီယာဉ်သည် ပိတောက်မြိုင် ရပ်ကွက်နှင့် သုသာန်သွား ရထားလမ်းဖြတ်နေရာ မိုင်တိုင်အမှတ် (၄၉၉/၁-၂) ကြားတွင် တိုက်မိခဲ့ရာ ရထားမှာ ၄၃ မိနစ်ခန့် ကြန့်ကြာသွားခဲ့ကြောင်း သိရသည်။

သစ်ရာမြိုင်ရပ်ကွက်နေ ထော်လာဂျီယာဉ်မောင်း ဖိုးသား(ခ)လှိုင်မင်းဝေ (၂၂)နှစ်အား ကျွန်းလှမြို့မ ရဲစခန်းက မီးရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကျွန်းလှမြို့တွင် မီးရထားနှင့် ထော်လာဂျီယာဉ်တိုက်မိ ကျွန်းလှမြို့တွင် မီးရထားနှင့် ထော်လာဂျီယာဉ်တိုက်မိ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.