ကျွန်းလှမြို့နယ်တွင် စကားများရန်ဖြစ်ပြီး အပြန်အလှန်ရိုက်ကြ၍ လူသတ်မှုဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ပေကုန်းကျေးရွာအုပ်စု ပေကုန်းကျေးရွာ လှေဆိပ်အနီးတွင် ယမန်နေ့ ည ၉နာရီ ၄၅ မိနစ်က စကားများရန်ဖြစ်ပြီး အပြန်အလှန်ရိုက်ကြရာမှ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေကုန်းကျေးရွာနေ ခင်မောင်မြင့်နှင့်မျိုးမင်းတို့သည် စက်လှေဆိပ်အနီးစကားများရန်ဖြစ်ပြီး အပြန်အလှန်ရိုက်နေကြစဉ် မျိုးမင်း၏ဖခင် ဦးဖြူတုပ်ရောက်လာပြီး ဝင်ရောက်တားဆီးရာ ခင်မောင်မြင့်က ထင်းချောင်းဖြင့်ရိုက်၍ ဦးဖြူတုပ်မှာ ညာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ညာဘက်ပါးရိုး ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ သဖန်းဆိပ်နယ်မြေရဲစခန်းမှူးရဲအုပ် သန်းထွဋ် ဝင်းနှင့်တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးပြီး ဒဏ်ရာရသူတို့အား ညောင်ကိုင်းတိုက်နယ်ဆေးရုံပို့ဆောင်ထားကြောင်းနှင့် ထင်းချောင်း ဖြင့်ရိုက်သူ ခင်မောင်မြင့်အား ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)
The Union Daily
http://uniondaily.net
ကျွန်းလှမြို့နယ်တွင် စကားများရန်ဖြစ်ပြီး အပြန်အလှန်ရိုက်ကြ၍ လူသတ်မှုဖြစ်ပွား  ကျွန်းလှမြို့နယ်တွင် စကားများရန်ဖြစ်ပြီး အပြန်အလှန်ရိုက်ကြ၍ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 13:16 Rating: 5
Powered by Blogger.