ဟဲဟိုးမြို့၌ မိခင်ဖြစ်သူဝမ်းဗိုက်အား ဓားဖြင့်ထိုးသတ်ကာ ပုဆိုးအား မီးရှို့သဖြင့် သားအမိနှစ်ဦး သေဆုံး


 ကလောမြို့နယ်၊ ဟဲဟိုးမြို့၌ နေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွား

တောင်ကြီး မတ် ၁၈

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုးကျေးရွာ အုပ်စု၊ လယ်ခေါင်းကျေးရွာတွင် မတ်လ ၁၈ ရက် နံနက် ၁၀ နာရီ ၃၁ မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ လယ်ခေါင်းကျေးရွာနေ ဒေါ်နန်းအုံ (ဘ)ဦးတိုး၊ အသက်(၆၀)နှစ် နေအိမ်တွင် ၄င်း၏သားဖြစ်သူ ကိုဖိုးကြီး (ဘ)ဦးတီမာ အသက်(၃၉)နှစ်သည် အရက်အမှူးလွန်ပြီး ၄င်း၏မိခင်ဖြစ်သူ ဒေါ်နန်းအုံနှင့် စကားများရန်ဖြစ်ရာမှ ကိုဖိုးကြီးသည် ၄င်း၏မိခင်ဖြစ်သူဝမ်းဗိုက်အား ဓားဖြင့်ထိုးသတ်ကာ ပုဆိုးအားမီးရှို့သဖြင့် အိပ်ယာခင်းနှင့် ကြမ်းခင်းမီးကူး စက်လောင်ကျွမ်းရာမှ နေအိမ်ပါမီးလောင်၍ အနီးရှိ ဦးချစ်ပိုနေအိမ်ပါကူးစက်လောင် ကျွမ်းခဲ့ကြောင်းသိရသည်။


မီးလောင်ရာသို့ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ မိးငြိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ဟဲဟိုးစည်ပင်မှ ရေသယ်ယာဉ်(၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်သဖြင့် ၁၀နာရီ ၄၈ မိနစ် တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။


အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ဒေါ်နန်းအုံနှင့် ၄င်း၏သားဖြစ်သူ ဦးဖိုးကြီးတို့မှာ နေရာတွင်မီးလောင် သေဆုံးခဲ့ပြီး နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဟဲဟိုးမြို့၌ မိခင်ဖြစ်သူဝမ်းဗိုက်အား ဓားဖြင့်ထိုးသတ်ကာ ပုဆိုးအား မီးရှို့သဖြင့် သားအမိနှစ်ဦး သေဆုံး ဟဲဟိုးမြို့၌ မိခင်ဖြစ်သူဝမ်းဗိုက်အား ဓားဖြင့်ထိုးသတ်ကာ ပုဆိုးအား မီးရှို့သဖြင့် သားအမိနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.