သမ္မတသစ်ဦးထင်ကျော် လွှတ်တော်သို့ ရှင်းလင်းတင်ပြသည့် ဝန်ကြီးဌာန ၂၁ ခု နှင့် ဝန်ကြီး ၁၈ ဦးထားရှိရန် လွှတ်တော် အတည်ပြု


နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု ထားရှိမယ့်အခြေအနေကို လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ထောက်ခံကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျေးဇူးတင်ကြောင်း ဦးထင်ကျော်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနနဲ့ ၀န်ကြီးအရေအတွက်ကို လျှော့ချလိုက်တာကြောင့် အစိုးရသစ်သက်တမ်း ၅နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၅ထောင် ပိုထွက်လာမှာဖြစ်ကြောင်း သမ္မတအသစ် ဦးထင်ကျော်က ရှင်းပြခဲ့ပါတယ်။

အဲဒီလိုပိုထွက်လာတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို နိုင်ငံအတွက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ ကျေးလက်ဒေသဖံွ့ဖြိုးတိုးတက်ရေးကဏ္ဍတို့မှာ သုံးစွဲသွားမှာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

လုပ်ငန်းဌာနတူညီတဲ့ ၀န်ကြီးဌာနတွေကို ပေါင်းစပ်လိုက်ရာမှာ အရင်ကရှိခဲ့တဲ့ သမ၀ါယမ၀န်ကြီးဌာနဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအောက် ရောက်ရှိသွားပါတယ်။

အလားတူ သိပ္ပံ နဲ့ နည်းပညာဝန်ကြီးဌာနကို ပညာရေးဝန်ကြီးဌာနအောက် ပူးပေါင်းလိုက်တာဖြစ်ပါတယ်။ အသစ်ထားရှိမယ့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်တံ့ခိုင်မြဲဖို့အတွက် ထားရှိမှာဖြစ်ကြောင်း ဦးထင်ကျော် က ရှင်းပြခဲ့ပါတယ်။

ဝန်ကြီးဌာနတွေကို ပေါင်းစပ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်နေတဲ့ ၀န်ထမ်းတွေကို သင့်တော်သလို ရွှေ့ပြောင်းတာဝန်ပေးမှာဖြစ်ကြောင်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကိုင်မယ်ဆိုရင် အလုပ်လက်မဲ့ဖြစ်မှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။


နိုင်ငံတော်သမ္မတ အသစ် ဦးထင်ကျော် တင်ပြတဲ့ ၀န်ကြီးဌာန ၂၁ ဌာန ထားရှိမယ့်အပေါ် လွှတ်တော်မှာ စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၁၁ မဲ၊ ကန့်ကွက်မဲ ၃မဲ၊ ကြားနေ ၂၂မဲ ရရှိခဲ့သလို ၀န်ကြီး ၁၈ ဦးခန့်အပ်ထားရှိမယ့်အပေါ် ထောက်ခံမဲ ၆၀၁ မဲ၊ ကန့်ကွက် ၂၂မဲ ၊ ကြားနေ ၁၄ မဲ ရရှိခဲ့တာကြောင့် သမ္မတအသစ် ဦးထင်ကျော်ရဲ့ ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် နဲ့ ၀န်ကြီးဦးရေ အဆိုပြုချက်ကို အတည်ပြုလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
သမ္မတသစ်ဦးထင်ကျော် လွှတ်တော်သို့ ရှင်းလင်းတင်ပြသည့် ဝန်ကြီးဌာန ၂၁ ခု နှင့် ဝန်ကြီး ၁၈ ဦးထားရှိရန် လွှတ်တော် အတည်ပြု သမ္မတသစ်ဦးထင်ကျော် လွှတ်တော်သို့ ရှင်းလင်းတင်ပြသည့် ဝန်ကြီးဌာန ၂၁ ခု နှင့် ဝန်ကြီး ၁၈ ဦးထားရှိရန် လွှတ်တော် အတည်ပြု Reviewed by THITHTOOLWIN on 10:45 Rating: 5
Powered by Blogger.