စဥ့်ကိုင်မြို့နယ် ပလိပ်ကားဆိပ်ရပ် လမင်းငါးရှဥ့်ပွဲရုံတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား


စဥ့်ကိုင် မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြိုနယ် ပလိပ်ကားဆိပ်ရပ် လမင်း ငါးရှဥ့်ပွဲရုံတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မတ်လ၂၉ ရက်နံနက် ၃နာရီခွဲကမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ စဥ့်ကိုင်မြို့နယ် ပလိပ်ကားဆိပ်ရပ်နေ ဦးစိုးအောင် (၆၀)နှစ် (ဘ)ဦးအေးရွှေ၊ ဗမာ၊ ဗုဒ္ဓ၊ လမင်းငါးရှဥ့်ပွဲရုံသည် ခရီးသွားနေသဖြင့် ညီဖြစ်သူ ဦးစိုးတင့်(၄၃)နှစ်၊ (ဘ)ဦးအေးရွှေ၊ တောင်သူ၊ ဘုတ်အိုင်ကျေးရွာ ဟင်္သာတမြို့နယ်နေသူ မှနေအိမ်အစောင့်အဖြစ်ရှိနေစဉ်(၄)ပေ(၃)ခန်း၊ အလျား(၄၀)ပေ၊ အနံ(၃၀)ပေရှိ အာရ်စီနှစ်ထပ်ကြမ်းခင်း၊ သွပ်မိုးနေအိမ် အောက်ထပ်ရှိ မီးအားမြှင့်စက်(၁၅)ကေဗွီမှာ အပူလွန်ကဲ၍ မီး စတင်လောင်ကျွမ်းခဲ့ပြီး အိမ်၏ မြောက်ဘက် အလျား (၁၅)ပေ၊ အနံ(၃၀)ပေရှိ ထရံကာပျဉ်ခင်း(၂)ထပ် အဆောင်အား မီးကူး စက်လောင်ကျွမ်းခဲ့သဖြင့် ပလိပ်ရဲတပ်ရင်း (၁၄)မှ တပ်ရင်းမှူး ဒုရဲမှူးကြီး မြတ်ကျော်သူ ဦးစီးအင်အား(၂၀၀)ဦး၊ စဥ့်ကိုင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး၊ ဦးစီးအင်အား (၃၀)ဦး၊ ပလိပ်၊ စဥ့်ကိုင်၊ တဘတ်ဆွဲကျေးရွာများမှ အရံမီးသတ်(၅၀)ဦး၊ ပလိပ်နယ်မြေရဲစခန်းမှ ရဲအုပ်စိုင်းဝဏ္ဏအောင်ဦးနှင့်တပ်ဖွဲ့ဝင် (၁၁)ဦး၊ မီးသတ်ယာဉ်(၇)စီး တို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား(၄၀)ပေ၊ အနံ(၃၀)ပေရှိ အာရ်စီ(၂) ထပ် ကြမ်းခင်း သွပ်မိုး၊ တိုက်(၁)လုံး၊ အလျား(၁၅) ပေ၊ အနံ(၃၀)ပေရှိ ထရံကာ ပျဉ်ခင်း(၂)ထပ်ဆောင်(၁)လုံးတို့ ပျက်စီးကြောင်း သတင်းရရှိသည်။

တင်တင်ထွေး(စဥ့်ကိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
စဥ့်ကိုင်မြို့နယ် ပလိပ်ကားဆိပ်ရပ် လမင်းငါးရှဥ့်ပွဲရုံတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား  စဥ့်ကိုင်မြို့နယ် ပလိပ်ကားဆိပ်ရပ် လမင်းငါးရှဥ့်ပွဲရုံတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.