ပါလစ္စတိုင်းသားရဲ့ ဓားထိုးမှုကြောင့် ကန် ၁ ဦးသေ

တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာတစ်ခုကို ရဲတွေက သက်သေ အထောက်အရှား လိုက်ရှာစဉ် (Credit: AFP) 
အစ္စရေးနိုင်ငံ ​Jaffa ​မြို့မှာ ​ပါလစ္စတိုင်းသား ​တစ်ယောက်က ​ကြုံရာလူကို ​ဓားနဲ့ ​လိုက်ထိုးတဲ့အတွက် ​အမေရိကန် ​နိုင်ငံသား ​တစ်ဦး ​သေဆုံးပြီး ​တခြား ​လူ ​၉ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ ​နေရာနဲ့ ​မနီးမဝေးမှာ ​အမေရိကန် ​ဒုသမ္မတ ​Joe ​Biden ​အစည်းအဝေး ​လုပ်နေတဲ့ ​အချိန်နဲ့လည်း ​တိုက်ဆိုင်နေပါတယ်။

ပါလစ္စတိုင်း ​ဒေသကနေ ​အစ္စရေးပိုင်နက်ထဲ ​တရားမဝင် ​ရောက်လာတဲ့ ​လူတစ်ယောက်က ​ကမ္ဘာလှည့်ခရီးသည်တွေ ​သွားလာမှု ​များတဲ့ ​လမ်းပေါ်မှာ ​ဓားထိုးလိုက်တာ ​ဖြစ်ပါတယ်။

ဓားသမားကို ​ရဲတွေက ​ပစ်သတ်လိုက်ပါတယ်။

Jaffa ​မြို့ ​ဓားထိုးမှု ​အပါအဝင် ​အစ္စရေးမှာ ​၂ ​နာရီအတွင်း ​ဓားနဲ့ ​တိုက်ခိုက်မှု ​သုံးကြိမ် ​ဖြစ်ပွားခဲ့တာပါ။

အရှေ့ဂျေရုဆလင်နဲ့ ​Petah ​Tikya ​ဆိုတဲ့ ​ဒေသမှာလည်း ​ဓားနဲ့ ​တိုက်ခိုက်မှုတွေ ​ဖြစ်ပွားခဲ့လို့ ​သေဆုံးမှုတွေ ​ဖြစ်ပေါ်ခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပါလစ္စတိုင်းသားရဲ့ ဓားထိုးမှုကြောင့် ကန် ၁ ဦးသေ  ပါလစ္စတိုင်းသားရဲ့ ဓားထိုးမှုကြောင့် ကန် ၁ ဦးသေ Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.