ပြင်ဦးလွင်မြို့၌ ပေါက်ကွဲမှုဖြစ်ပွား


ပြင်ဦးလွင်မြို့နယ် မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး ရပ်ကွက်ကြီး (၁၆) စည်သာကျေးရွာနေ ဒေါ်ခင်မျိုးတင့် ၉/မနမ(နိုင်) ၀၇၁၃၅၂ ) (အဘ-ဦးကျောက်မဲ ) ဗမာ-ဗုဒ္ဓ ဘာသာပိုင်ဆိုင်သည့် နေအိမ်အား လွန်ခဲ့သည့် ဇန်န၀ါရီလမှ စတင်၍ ငှားရမ်းခဲ့သော နေအိမ်၌ ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက် နံနက်(၁၀:၄၀) နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ စည်သာကျေးရွာနေ ဦးစိုးလွင်မှ အိမ်ငှားရမ်းပေးထားသူ တရားဝင်နေထိုင်ခွင့်မရှိသည့် တရုတ်နိုင်ငံသား(၃) ဦး (Visit Toursin) နှင့် မြန်မာမှတ်ပုံတင်ကိုင်ဆောင်သော ရန်ကုန်မြို့နေ တရုတ်နိုင်ငံသား(၁) ဦးပေါင်း ကျား(၄) ဦး ထမင်းချက် လီဆူး အမျိုးသမီး(၂) ဦးတို့နေထိုင်သည့် အိမ်တွင် (၁၀:၄၀) အချိန်၌ သတ္တုတွင်းတူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်တွင် နေအိမ်အမိုးမျက်နှာ်ကျက်များ၊ မှန်ပြတင်းပေါက်၊ များပျက်စီးခဲ့ပြီး တရုတ်နိုင်ငံသား(၃) ဦး (တစ်ဦး စိုးရိမ်ရ) တို့မှာ ပြင်ဦးလွင် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသလျက်ရှိပြီး ပေါက်ကွဲစေနိုင်သည်ဟု ယူဆရသည့် ဆက်စပ်ပစ္စည်းများကို နယ်မြေခံတပ်မတော်အင်ဂျင်နီယာ တပ်မှ လာရောက်စစ်ဆေး သိမ်းဆည်းခဲ့ကြောင်း သိရသည်။

သက်နိုင်(ပြင်ဦးလွင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပြင်ဦးလွင်မြို့၌ ပေါက်ကွဲမှုဖြစ်ပွား  ပြင်ဦးလွင်မြို့၌ ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.