ဘရာဇီးနိုင်ငံတွင် ရေကြီး၊ မြေပြိုမှု များကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

ဘရာဇီးနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဘရာဇီး၊ မတ် ၁၂ ရက် (ဆင်ဟွာ)

    ဘရာဇီးနိုင်ငံ Sao Paulo ပြည်နယ်၏ မြို့ပြ ဒေသများတွင် မတ်လ ၁၀ ရက်နေ့ ညက မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန က မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

မိုင်ရိပိုရာ (Mairipora) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု တစ်ခုကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖရန်စစ်ကို မိုရာတို (Francisco Morato) စည်ပင်သာယာ နယ်မြေတွင် မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြေပြိုမှု နှစ်ခုကြောင့် လူ ၉ ဦးသေဆုံးခဲ့ပြီး Guarulhos နှင့် Cajamar မြို့များတွင်လည်း လူနှစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

မတ်လ ၁၀ ရက်နေ့ ညက တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် Guarulhos အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ၆ နာရီကြာ ပိတ်ထားခဲ့ ရကြောင်း သိရသည်။

ထို့အတူ Tiete မြစ်နှင့် Pinheiros မြစ်တို့တွင် မြစ်ရေကြီးလာပြီး မြစ်ကမ်းဘောင်များတွင် ရေကျော်လာ သောကြောင့် ရထားဘူတာရုံများကိုလည်း ပိတ်ပစ် ခဲ့ရကြောင်း သိရသည်။

မီးသတ် ဦးစီးဌာန၏ ပြောကြားချက်အရ ရေကြီး၊ မြေပြိုမှုအား Sao Paulo ပြည်နယ်ရှိ အနည်းဆုံး မြို့ပေါင်း ၂၀ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ပြည်နယ် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး စင်တာ က Sao Paulo ပြည်နယ်သည် ၄င်း၏ ပျမ်းမျှ တစ်လစာ မိုးရွာသွန်းမှု ၏ ၄၀ ရာခိုင်နှုန်းကို တစ်ရက်တည်းဖြင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း မတ်လ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဘရာဇီးနိုင်ငံတွင် ရေကြီး၊ မြေပြိုမှု များကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး  ဘရာဇီးနိုင်ငံတွင် ရေကြီး၊ မြေပြိုမှု များကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.